
ဒေသတွင်း တင်းမာမှုတွေ ဆက်လက်မြင့်မားနေချိန်မှာပဲ အီရန်ဟာ နိုဝင်ဘာ ၁၅ ရက်မှာ သူ့ရဲ့ဒုံးကျည်တွေနဲ့ ကာကွယ်ရေးစနစ်တွေကို တီဟီရန်မြို့ရှိ ပြတိုက်တခုမှာ ပြသခဲ့ပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေဟာ အီရန်ရဲ့လက်နက်တိုက်မှာ အရေးပါတဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး အောက်တိုဘာ ၁ ရက်က အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ပြီး အစ္စရေးကလည်း အောက်တိုဘာ ၂၆ ရက်မှာ အီရန်စစ်စခန်းတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးကတော့ အီရန်ဟာ အရှေ့ အလယ်ပိုင်းမှာ ပဲ့ထိန်းဒုံးကျည် အရေအတွက် အများဆုံး လက်နက်တပ်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်က သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေဟာ အမေရိကန်၊ အစ္စရေးနဲ့ တခြားသော အလားအလာရှိတဲ့ ဒေသတွင်း ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အရေးကြီးတဲ့ အဟန့်အတားဖြစ်ပြီး လက်တုံ့ပြန်ရေး အင်အား တရပ်ဖြစ်ကြောင်း ပြောဆိုပါတယ်။ နျူကလီးယား လက်နက် စွမ်းဆောင်ရည်ကို လုပ်ဆောင်နေကြောင်းကိုတော့ ငြင်းဆိုထားပါတယ်။
Source-Reuters











