DVB Logo
Home
နိုင်ငံတကာ
ဂျပန်ရှေးဟောင်း မေဂျီဘုရားကျောင်းကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူ အမေရိကန် ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 16, 2024
ဂျပန်ရှေးဟောင်း မေဂျီဘုရားကျောင်းကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူ အမေရိကန် ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

တိုကျိုမြို့တော် ရဲတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၃ ရက်က အသက် ၆၅ နှစ်အရွယ် အမေရိကန် အမျိုးသားတယောက်ကို မေဂျီဂျင်းဂုနတ်ကွန်းရဲ့ တိုးရိဂိတ်ပေါက်က တိုင်လုံးတလုံးမှာ အက္ခရာစာလုံးတွေ ရေးထွင်းတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဒါဟာ ခရီးသွားလုပ်ငန်း အရှိန်အဟုန် မြင့်တက်နေချိန်မှာ ခရီးသွားဧည့်သည်တွေရဲ့ အကျင့်ပျက် အပြုအမူတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးအရေးယူ ဆောင်ရွက်ချက် ဖြစ်ပါတယ်။

သံသယရှိသူနဲ့ သူ့မိသားစုဟာ နိုဝင်ဘာ ၁၁ ရက်က လည်ပတ်ကြည့်ရှုဖို့ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့တာပါ။

လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သစ်သားတိုင်မှာ သူ့မိသားစုရဲ့ နာမည်တွေကို ကိုယ်စားပြုတဲ့ အက္ခရာ ၅ လုံးကို လက်သည်းနဲ့ခြစ်ပြီးရေးတယ်ဆိုတဲ့ သံသယနဲ့ ရဲတွေက သူ တည်းခိုတဲ့ဟိုတယ်မှာ သူ့ကို လာဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သံရုံးဝန်ထမ်းတွေဟာ အမေရိကန်နိုင်ငံသားဆီကို လာတွေ့ခဲ့ကြပြီး ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေ ပေးနေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအကြောင်းရပ်တွေကြောင့် နောက်ထပ်အသေးစိတ် အချက်အလက်တွေကိုပေးဖို့တော့ ငြင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံဟာ စက်တင်ဘာလအထိ ခရီးသွားဧည့်သည် ၂၇ သန်းနီးပါးကို စံချိန်တင် အရှိန်အဟုန်နဲ့ ကြိုဆိုခဲ့ပြီး သူတို့ရဲ့စီးပွားရေးအတွက် ယန်း ၅ ဒသမ ၈၆ ထရီလီယံ (ဒေါ်လာ ၃၇ ဒသမ၅ ဘီလီယံ) တိုးခဲ့ပါတယ်။

ဒါပေမဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ အများပြည်သူပိုင် ပစ္စည်းတွေ၊ အနုပညာလက်ရာတွေကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ လူသူကြားထဲ မူးယစ်ရမ်းကားခြင်း၊ နာမည်ကြီး အလည်အပတ်နေရာတွေမှာ ခရီးသွားဧည့်သည်တွေ စုပြုံရောက်ရှိလာခြင်း စတဲ့ ဖြစ်ရပ်တွေမှာ ခရီးသည်တွေ အလွန်အကျွံ များပြားခြင်းတွေနဲ့ စည်းကမ်းဖောက်ဖျက်သူတွေကို ဘယ်လိုနိုင်နင်းအောင် ကိုင်တွယ်မလဲ ဆိုတာတွေကို ဆွေးနွေးငြင်းခုံခဲ့ရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ရှီဘုယရပ်ကွက်ရှိ ဧကရာဇ်ဘုရင် မေဂျီနဲ့ သူ့မိဘုရားရှိုကန် ဘုရင်မ တို့ကို ရည်စူးပြီးတော့ မေဂျီ နတ်ကွန်းကို ၁၉၂၀ ပြည့်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။   

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013