DVB Logo
Home
မြန်မာသတင်း
မြန်မာတွင်ချုပ်လုပ်သည့်  အထည်အမှတ်တံဆိပ် ၃ ခုကို တားဆီးပိတ်ပင်ရန် ကမ္ဘာ့အလုပ်သမား သမဂ္ဂတောင်းဆို 
DVB
·
November 15, 2024
မြန်မာတွင်ချုပ်လုပ်သည့်  အထည်အမှတ်တံဆိပ် ၃ ခုကို တားဆီးပိတ်ပင်ရန် ကမ္ဘာ့အလုပ်သမား သမဂ္ဂတောင်းဆို 
Donate to DVB

မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့ နာမည်ကြီး အဝတ်အထည်အမှတ် တံဆိပ် ၃ ခုကို တားဆီးပိတ်ပင်ဖို့ ကမ္ဘာ့အလုပ်သမားသမဂ္ဂတွေက တောင်းဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

အဓိကအဝတ်အထည်အမှတ်တံဆိပ် ၃ ခုဖြစ်တဲ့ Next ၊ New Yorker နဲ့ LPP တို့ကို ကျင့်ဝတ်စည်းကမ်းဆိုင်ရာ လမ်းညွှန်ချက်တွေ ချိုးဖောက်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် IndustriALL Global Union ကတော့ သူတို့နဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) တို့နဲ့ ပူးပေါင်းကာ အဆိုပါ အမှတ်တံဆိပ် ၃ ခုကို တိုင်ကြားထားတယ်လို့ ပြောပြီး လတ်တလောမှာတော့ ကုမ္ပဏီတွေဘက်က မှတ်ချက် ပေးဖို့ တောင်းဆိုတာတွေကို ချက်ချင်းတုံ့ပြန်တာ မရှိသေးပါဘူး။

OECD အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဆိုပါလုပ်ငန်းခွင်တွေမှာ ကျင့်ဝတ်နဲ့အညီ တာဝန်ခံမှု၊ တာဝန်ယူမှုတွေအပြင် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာပြီး လုပ်ငန်းလည်ပတ်ဖို့ ပါရှိတယ်လို့ IndustriALL Global Union က ထောက်ပြထား ပါတယ်။

IndustriALL Global Union က အထွေထွေအတွင်းရေးမှူး အက်တဲလ် ဟွိုင်က “မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ကုန်အမှတ်တံဆိပ်တွေဟာ အကြောက်တရားတွေ၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ခေါင်းပုံဖြတ်ခံရမှု ပတ်ဝန်းကျင်တွေကနေ အကျိုးအမြတ်တွေ ရနေ ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ မြန်မာစစ်အာဏာရှင်တွေရဲ့ ပြိုလဲနေတဲ့ စီးပွားရေးထဲကို နိုင်ငံခြားငွေတွေ ထည့်ဝင်နိုင်ဖို့ အရေးကြီးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့လည်း အလုပ်သမားသမဂ္ဂပေါင်း ၆၀၀ ကျော်က အလုပ်သမား သန်း ၅၀ လောက်ကို ကိုယ်စားပြုတဲ့ IndustriALL က ကြေညာချက်ထဲမှာ သတိပေးထားပြီး ကမောက်ကမ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရက သမဂ္ဂတွေကို ပိတ်ပင်ပြီး သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတာကြောင့် သမဂ္ဂတွေနဲ့ တခြားအလုပ်သမား အဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်စွာ အသင်းအပင်းမရှိ၊ အလုပ်မလုပ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။

လတ်တလော တိုင်ကြားထားတဲ့ အဝတ်အထည်အမှတ် တံဆိပ်တွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေထက် အမြတ်အစွန်းကို ဦးစားပေးတဲ့ အမှတ်တံဆိပ် တွေဖြစ်တယ်လို့ မစ္စတာ  အက်တဲလ်ဟွိုင်က ပြောလိုက်ပြီး မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်ကြားမှုတွေ ထပ်မံပြုလုပ်ဖို့ သမဂ္ဂတွေအနေတနဲ့ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

Source: AFP/CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013