DVB Logo
Home
မြန်မာသတင်း
တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း (သတင်းဓာတ်ပုံ)
DVB
·
November 15, 2024
တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

ဒီကနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကို ဘုရားဖူး လာရောက်သူတွေ နည်းပါးခဲ့ပါတယ်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကတော့ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို မနေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီခွဲမှာ ကျင်းပခဲ့ပြီး ဒီကနေ့ လပြည့်နေ့မနက် ၄ နာရီမှာ စေတီတော်နဲ့ အာရုံခံတန်ဆောင်းများရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်ခဲ့ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော် ဖြစ်သလို အမြင့်မြတ်ဆုံးဖြစ်တဲ့ ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခွင့်ရတဲ့ နောက်ဆုံးနေ့ရက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထီးနန်းရလိုမှုနဲ့ ဖခင်ကို သတ်ဖြတ်ခဲ့တဲ့ အဇာတသတ်မင်းကို မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော် ဟောကြားခဲ့တဲ့ နေ့ထူးနေ့မြတ်တရက်လည်း ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ နေ့မကူးဘဲ ရက်လုပ်ထားတဲ့ မသိုးသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကိုလည်း ရှေးယခင်ကတည်းက ကျင်းပကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013