
လှေကားထစ်တက်နိုင်မှုနဲ့ ကျောက်လမ်းတွေမှာ အသုံးပြုလို့ရတဲ့ မော့ဖင်းဘီးကို တောင်ကိုရီးယား သုတေသနပညာရှင်တွေက တီထွင်ခဲ့ပါတယ်။
အတက်အဆင်း နေရာတွေမှာ အနိမ့်အမြင့်ပုံစံ ပြောင်းလဲပေးနိုင်တဲ့ ဘီးတမျိုးကို ဖန်တီးခဲ့တာဖြစ်ပြီး ဘီးတပ်ထိုင်ခုံတွေဟာ လှေကားထစ်တွေကို တွန်းပြီး တက်နိုင်ပြီ ဖြစ်ပါတယ်။
KIMM တက္ကသိုလ်ရှိ အင်ဂျင်နီယာတွေက ဘီးတပ်ထိုင်ခုံနဲ့ အခြားဘီးတပ်ပစ္စည်းတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်တဲ့နေရာမှာ သက်တောင့်သက်သာရှိဖို့ တီထွင်ခဲ့တာဟာ ကမ္ဘာ့ပထမဆုံးဘီး ဖြစ်လာပါတယ်။
သမားရိုးကျဘီးတွေက မျက်နှာပြင်ပြားပြီး လှေကားနဲ့ မညီညာတဲ့နေရာတွေမှာ သွားလာရတာ အခက်အခဲဖြစ်စေပါတယ်။
မော့ဖင်းဘီးကတော့ မညီညာတဲ့ မျက်နှာပြင်တွေမှာ သက်တောင့်သက်တာရှိမှုနဲ့ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
မော့ဖင်းဘီးတွေက အရည်စက်လေးချထားတဲ့ မျက်နှာပြင်လို အလိုက်သင့်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မော့ဖင်းဘီးရဲ့ တာယာနေရာမှာ လေထိုးတာယာအစား စမတ်ချိန်းကို အသုံးပြုထားပါတယ်။ ဒီဘီးတွေဟာ ကမုကထစ်လမ်းတွေမှာ အတိုးအလျှော့လုပ်နိုင်ပြီး ဘီးမျက်နှာပြင်လည်း အတိုးအလျှော့ လုပ်နိုင်ပါတယ်။
လေ့လာသူတွေက ဒီဘီးကို တကိုယ်ရေသုံးစွဲတဲ့ အဆင့်ကနေ လုပ်ငန်းသုံးစက်ရုပ်တွေအထိပါ တိုးမြှင့်သွားဖို့ ဆန္ဒရှိပါတယ်။
Source : Reuters











