DVB Logo
Home
မြန်မာသတင်း
လှော်ကားရဲစခန်းတွင် ဗုံးပေါက်ကွဲ
DVB
·
November 14, 2024
လှော်ကားရဲစခန်းတွင် ဗုံးပေါက်ကွဲ
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းအတွင်းမှာ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီ ၁၄ မိနစ်လောက်က ပေါက်ကွဲသံတွေ ကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဒီပေါက်ကွဲမှုဟာ ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Operation Flame (OF) နဲ့ မဟာမိတ် Yangon UG People Army - YUPA တို့က လက်ပစ်ဗုံး ၂ လုံးနဲ့ ရဲစခန်းထဲ ပစ်သွင်း တိုက်ခိုက်ခဲ့တာပါ။

Operation Flame (OF) တပ်ဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “အဲဒီရဲစခန်းထဲက ကင်းဂိတ်ကို ၂ လုံး ပစ်ထည့်လိုက်တာပါ။ ပစ်မှတ်ရောက်ပါတယ်။ ရဲတွေ၊ အရပ်ဝတ်တွေရော အရက်ဝိုင်း လုပ်နေတဲ့အချိန်ပါ။ ထိခိုက်မှုက ၉၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ အသေးစိတ် စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။

အဆိုပါရဲစခန်းဟာ လှော်ကားလမ်းမ၊ လှော်ကားဈေးနားမှာ ရှိနေပြီး လမ်းမတလျှောက်က စစ်မှုထမ်းဟောင်းရုံး၊ ပြည်လည်ထူထောင်ရေးဦးစီးဌာနနဲ့ ရဲအကြပ်အတတ်သင်ကျောင်းတွေမှာ စစ်ကောင်စီအဖွဲ့ဝင်‌တွေနဲ့အတူ လှော်ကားနယ်မြေရဲတွေက ကင်းလှည့်တာတွေ၊ ဆိုင်ကယ် ဖမ်းဆီးတာတွေ၊ စစ်မှုထမ်းစာရင်း ကောက်တာ‌တွေမှာ ပါဝင်‌နေကြပါတယ်။

မြို့ခံတယောက်က “ဘူတာနားကတောင် ကြားရတယ်။  ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ ခဏခဏ ထွက်ဖမ်းတဲ့ ရဲစခန်းပါ။ စစ်မှုထမ်းစာရင်းကောက်တာလည်း သူတို့တွေ ပါတယ်။ စစ်ကားတွေလည်း အဝင်အထွက်ရှိတယ်” လို့ ပြောပါတယ်။ 

စစ်ဆင်ရေးအပြီး တော်လှန်ရေးအဖွဲ့သား‌တွေ အားလုံး ဘေးကင်းရာကို  ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်များ အားလုံးနဲ့အတူ စစ်‌ကောင်စီတပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame OF တပ်ဖွဲ့က အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ၅၅ မိနစ်လောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီး၊ ပုလဲမြို့သစ်လမ်းပေါ်ရှိ ရွှေနံ့သာရပ်ကွက် စစ်ကောင်စီရပ်ကွက်ရုံးကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်းတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲလောက်ကလည်း ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ‌ဘေးရှိ ရွာမအရှေ့ရပ်ကွက်ရုံးကို Dark Shadow တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက် ညပိုင်း ၇ နာရီမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီး EPC လျှပ်စစ်ရုံး ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ် (ပကဖ) နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013