
အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်တခု ထပ်ပေါက်ကွဲပြီး နိုဝင်ဘာ ၁၃ ရက်မှာ အပန်းဖြေစခန်းရှိရာ ဘာလီကျွန်းဆီ အသွားအပြန် နိုင်ငံတကာလေကြောင်းလိုင်း အများအပြားရဲ့ လေကြောင်းခရီးစဉ် တွေကို ဖျက်သိမ်းခဲ့ပါတယ်။
မီးတောင်က ပြာတိမ်တိုက်တွေကို အမြင့်ပေ ၃၀၀၀၀ ကျော်ထိ မှုတ်ထုတ်ခဲ့လို့ လူထောင်ချီကို ဘေးကင်းရာ ရွှေ့ပေးပြီးတဲ့နောက် ဘာလီကျွန်းကနေ ထွက်လာတဲ့ ခရီးသည်တချို့ အိမ်ပြန်ဖို့ တခြားလေကြောင်း ခရီးစဉ်ကို မျှော်ရင်း လေဆိပ်မှာ သောင်တင်နေခဲ့ပါတယ်။
ဘာလီကျွန်းကနေ ၄၉၇ မိုင် ဝေးတဲ့ အရှေ့ နူဆာတန်ဂါရာ ပြည်နယ်မှာ နိုဝင်ဘာ ၃ ရက်ကစပြီး လီဝိုတိုဘီ လာကီ-လာကီ မီးတောင်ပေါက်ကွဲလို့ လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက် အပါအဝင် အကြိမ်ပေါင်းများစွာ အကြိမ်ကြိမ် ပေါက်ကွဲခဲ့ပြီးတဲ့နောက် ခုလို ဖြစ်တာပါ။
နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ စင်ကာပူ၊ ဟောင်ကောင်နဲ့ သြစတြေးလျမြို့တွေအပါအဝင် ဘာလီကျွန်းပေါ်က လေကြောင်းခရီးစဉ် ၈၀ ကို ဖျက်သိမ်းခဲ့တယ်လို့ ဘာလီရဲ့ ငုရားရိုင် လေဆိပ်ရဲ့ အထွေထွေမန်နေဂျာ အာမဒ်ရှာငီး ရှာဟက်ဘ်က ပြောပါတယ်။
လေဝေါ်တော်ဘီ မီးတောင်ကပြာတွေကို မှုတ်ထုတ်လိုက်လို့ ပေါ်ထွက်လာတဲ့ ပြာတွေဟာ အမြင့် ၁၀ ကီလိုမီတာအထိ ရောက်ရှိလာပြီး အနီးနားဝန်းကျင်မှာ သဲတွေ ကျဆင်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters