
Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စင်းဟာ ဘားရန့်ပင်လယ်ရဲ့ ကြားနေရေပိုင်နက်ကို ၄ နာရီကြာ ဖြတ်ကျော်ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
Tu-22M3 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စင်းကိုလည်း ပင်လယ်နက်ရဲ့ ကြားနေ ရေပြင်ပေါ်မှာ ပျံသန်းဖို့ စီစဉ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားနိုင်ငံပိုင်သတင်းဌာန RIA က ဖော်ပြခဲ့ပါတယ်။
Tu-95s လေယာဉ်တွေဟာ SU-30SM နဲ့ SU-27 တိုက်လေယာဉ်တွေ ခြံရံပြီး ၅ နာရီကျော်ကြာ ပျံသန်းခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ရုရှရဲ့ Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းဟာ လွန်ခဲ့တဲ့ ၃ ပတ်တုန်းကလည်း ဂျပန်ပင်လယ်ပြင်ပေါ်မှာ ဖြတ်ကျော် ပျံသန်း ကင်းလှည့်ခဲ့ပါတယ်။
Source: Reuters










