DVB Logo
Home
မြန်မာသတင်း
သယံဇာတလုပ်ငန်းများတွင် အရပ်ဘက်အဖွဲ့များကို အသိမှတ်ပြုရန် တောင်းဆို
DVB
·
October 14, 2014
သယံဇာတလုပ်ငန်းများတွင် အရပ်ဘက်အဖွဲ့များကို အသိမှတ်ပြုရန် တောင်းဆို
Donate to DVB

သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ငန်းစဉ် (EITI) မှာ ပါဝင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_67751" align="alignright" width="300"]အရပ်ဘက်အဖွဲ့များ ဆွေးနွေးနေစဉ် အရပ်ဘက်အဖွဲ့များ ဆွေးနွေးနေစဉ်[/caption]

သယံဇာတ တူးဖော်ရေးလုပ် ငန်းတွေ ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ငန်း စဉ် ဖော်ဆောင်ရေး ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်နေတဲ့ ပြည်တွင်း က အရပ်ဘက် အဖွဲ့အစည်း ၇၀ ကျော်က  ရန်ကုန်မြို့ မှာ  အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက် အထိ ၃ ရက်တာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပြီးနောက် ခုလို တောင်းဆိုလိုက်တာပါ။

နိုင်ငံတကာ EITI လိုအပ်ချက် စံချိန်စံညွှန်း ၁.၃ မှာ ဖော်ပြထားတဲ့  ပြဋ္ဌာန်းချက် အပြည့်အစုံကို နိုင်ငံတော် ပြန်တမ်းနောက်ဆက်တွဲမှာ တရားဝင် ထည့်သွင်းထုတ်ပြန်ပေးဖို့နဲ့  ဒေသဆိုင်ရာ အစိုးရယန္တရားအဆင့်ဆင့်မှာ ကျင့်သုံးလာဖို့အတွက်လည်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး EITI ညွန့်ပေါင်းအဖွဲ့က အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“နိုင်ငံတကာ စံချိန်စံညွှန်း ၁.၃ ဆိုတာက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို အထူး အလေးထားပြီးတော့ ဖော်ပြထားတဲ့ကိစ္စပါ။ အဲဒီမှာ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ရမယ့်အပိုင်းတွေ အများကြီး ရှိတယ်။ ဒါကို နိုင်ငံတော် ပြန်တမ်းမှာ ထည့်ပေးခြင်းအားဖြင့် နယ်ဒေသတွေ ရောက်လို့ရှိရင် သူတို့အနေနဲ့ နှောင့်ယှက်မယ်၊ ခြိမ်းခြောက်မယ်ဆိုရင် ဒါဟာ နိုင်ငံတော် ပြန်တမ်းမှာ ပါထားတယ်။ အစိုးရကလည်း အသိ အမှတ်ပြုထားတယ်။ တကယ်တော့ အမှန်တော့ အဲလိုကို ပြန်ပေးစရာ မလိုဘူး။ ၁.၃ သည် ဒါကို လိုက်နာတဲ့ အတွက်ကြောင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လက်ခံလိုက်တာ။ ဒါပေမယ့်လည်း ဒါကို အောက်ခြေမှ သိမနေတဲ့အတွက် သိအောင်လို့ နိုင်ငံတော်ရဲ့ ပြန်တမ်းထဲကို ထည့်ခိုင်းတာပါ။”

ဒါပြင် အရပ်ဘက်အဖွဲ့အစည်းတွေကို  အာဏာပိုင်တွေက အနှောင့်အယှက် ပေးတာတွေ ရှိနေတယ်လို့လည်း ဒေါ်မိုးမိုးထွန်းက ပြောပါတယ်။

“အခု ကျမတို့ရဲ့ အဓိကအခက်အခဲက ဘာလဲဆိုတော့ EITI အမြင်ဖွင့် သင်တန်းတွေ ပေးတဲ့အခါ နယ်တွေမှာ ကျမတို့ တားဆီး ပိတ်ပင်ခံရတယ်ပေါ့။ EITI အမြင်ဖွင့် သင်တန်း ပေးနေစဉ် အတွင်းမှာကို၊ ပေးနေတုန်း တန်းလန်းမှာကို ရပ်လိုက်ပါ။ EITI မသိချင်ဘူးဆိုတဲ့ ဟာမျိုးတွေပေါ့။ အာဏာပိုင်တွေကပါ။ အဓိက ဆိုလို့ရှိရင် အခု လတ်တလောမှာ ဖြစ်တာဆိုရင် မကွေးတိုင်း၊ စေတုတ္တရာ မြို့နယ်မှာ ဖြစ်သွားပါတယ်။”

အလားတူ နှောင့်ယှက်တာကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဧရာဝတီမြစ် အနောက်ဘက်ဖွံ့ဖြိုးတိုး တက်ရေး အင်အားစု တာဝန်ခံ ဦးသန့်စင်က အခုလို ပြောပါတယ်။

“စေတုတ္တရာမှာ ကျောက်မီးသွေးတွေ ထုတ်နေတော့ ဒေသခံတွေနဲ့ ဒေသခံအဖွဲ့တွေကနေပြီးတော့ ကျောက်မီးသွေးနဲ့ ပတ်သက်တာ၊ EITI နဲ့ ပတ်သက်တာ ပြောဖို့။ ၁၉ ရက်နေ့ သွားပြီးတော့ ၂၀ ရက်နေ့ ကျတော့ စေတုတ္တရာ။ အရှေ့ဖအိုင်းရွာ လို့ခေါ်တယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တားလို့ ဆိုပြီးတော့ ရပ်ကျေးက တားတာ။ သူတို့ကို ကြိုပြောထားပြီးသား။”

သဘာဝသယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေဆီကို သတင်း အချက် အလက်တွေ အချိန်မီ ထုတ်ပြန်ပေးဖို့နဲ့ နိုင်ငံသားတိုင်း အလွယ်တကူ သိရှိနိုင်မယ့် သတင်းအချက်အလက် ထုတ်ပြန်ရေးဌာနတွေကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ပေးဖို့လည်း အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013