
ပြင်သစ်တိုက်စစ်မှူး ဘင်ရက်ဒါဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ် ခံ လိုက်ရပါတယ်။
အသက် ၃၄ နှစ်ရှိ မိုနာကို တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးငယ်တယောက်ကို ကားပါကင်တခုမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာလို့ RMC သတင်းမှာဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက်မှာ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတဲ့အပြင် လျော်ကြေးအဖြစ် ယူရို ၅၀၀၀ ဒဏ်ကြေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်အတွက် ၁၉ ပွဲကစားခဲ့တဲ့ တိုက်စစ်မှူးဟာ တူးလုစ်၊ ဆီဗီလာ အသင်းတွေမှာလည်း ကစားခဲ့ပြီး စုစုပေါင်း ၅၁၃ ပွဲအထိ ရှိခဲ့ပါတယ်။
Photo-Reuters










