DVB Logo
Home
နိုင်ငံတကာ
ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘ ပြန်အရွေးခံရ
DVB
·
November 11, 2024
ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘ ပြန်အရွေးခံရ
Donate to DVB

ရှီဂဲရုအီရှိဘကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထားရှိဖို့ ဂျပန်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၁ ရက်မှာ မဲပေးခဲ့ကြပါတယ်။ 

အရှုပ်တော်ပုံတွေကြောင့် နာမည်ပျက်နေတဲ့  အီရှိဘရဲ့ အာဏာရညွန့်ပေါင်းဟာ ပြီးခဲ့တဲ့လ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ လူများစုနေရာကို ဆုံးရှုံးခဲ့ရပေမဲ့ အင်အားအကောင်းဆုံး ပါတီအဖြစ် ဆက်ရှိနေခဲ့ပါတယ်။

အီရှီဘဟာ အောက်တိုဘာ ၁ ရက် ဝန်ကြီးချုပ်တာဝန်လွှဲယူအပြီးမှာ ရွေးကောက်ပွဲ စောခေါ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ညွန့်ပေါင်းမိတ်ဖက် ကိုမေတိုပါတီတို့ဟာ လွှတ်တော်မှာ အမတ်နေရာအများဆုံးရခဲ့ပေမဲ့ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူများစုနေရာကို ဆုံးရှုံးခဲ့ရပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်တွင်း မဲပေးမှု ပထမအကျော့မှာ ဘယ်ကိုယ်စားလှယ်လောင်းကမှ မဲထက်ဝက်ကျော်မရတဲ့အတွက် မဲအများဆုံးရသူ ၂ ယောက် ဒုတိယအကျော့ ထပ်ပြိုင်ခဲ့ရပါတယ်။

ဒုတိယအကျော့မှာတော့ အောက်လွှတ်တော် အမတ် ၄၆၅ ယောက် အနက် ၂၂၁ ယောက်ရဲ့ ထောက်ခံမဲရပြီး အီရှိဘပြန်အရွေးခံရတာဖြစ်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ် တက်လာချိန်၊ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဂျပန်အကြား ဆက်ဆံရေး တင်းမာနေချိန်၊ ပြည်တွင်း လူနေမှုစရိတ် မြင့်တက်မှုကြောင့် လူထု မကျေနပ်မှု တိုးပွားလာချိန်မှာ လွှတ်တော်ကို မစိုးမိုးနိုင်တဲ့ ဝန်ကြီးချုပ်အတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ 

လွှတ်တော်တွင်းမှာ အချိန်မရွေးဖြုတ်ချခံရနိုင်သလို ဥပဒေတခုချင်း၊ မူဝါဒတခုချင်းစီကို အတည်ပြုဖို့ အကြိမ်တိုင်းမှာ ပါတီငယ်တွေနဲ့ တိုင်ပင်ရမယ့် သဘောဖြစ်နေ ပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013