DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း အရပ်သားနေအိမ် ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
November 11, 2024
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း အရပ်သားနေအိမ် ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခံရ
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း စစ်ကောင်စီတပ်က မြန်မာပြည်အနှံ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁ သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်အလုံးပေါင်း ၇၃,၀၀၀ ကျော်နဲ့ တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာလည်း အရပ်သားနေအိမ်ပေါင်း ၂၆,၅၈၃ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေကိုတော့ ပြည်တွင်းမီဒီယာတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေကနေ ရရှိတဲ့ အချက်အလက်တွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် စုစည်းထားတာဖြစ်ပြီး မပြည့်စုံတဲ့ သက်သေမှတ်တမ်းတွေကို ဖယ်ထုတ်ထားခဲ့တာမို့ မြေပြင်မှာ အမှန်တကယ်ထိခိုက်ဆုံးရှုံးမှုကတော့ ခုထက်ပိုနိုင်ကြောင်း ဖော်ပြထားပါတယ်။

အခု ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကို ပြန်ကြည့်ရင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနဲ့ မေလတွေမှာ မီးရှို့ဖျက်ဆီးမှုတွေများခဲ့ပြီး နေအိမ် ၂၁,၁၀၁ လုံး ဆုံးရှုံးခဲ့သလို အဲဒီအထဲက အများစုက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ မကွေးတိုင်းတို့က ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ် ဧပြီနဲ့ မေလအတွင်း ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ရေး ပြင်းထန်ခဲ့တာကြောင့် အရပ်သားနေအိမ် ၅,၇ဝဝ ကျော် မီးရှို့ဖျက်ဆီးခံရနိုင်တယ်လို့လည်း Data for Myanmar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂ဝ၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံးနဲ့ ၂၀၂၄ ခုနှစ်(သြဂုတ်လကုန်အထိ)မှာ ၂၁,၀၂၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ 

လအလိုက် မီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို ကြည့်ရင်တော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အများဆုံးဖြစ်ခဲ့ပြီး နေအိမ် ၁၀,၅၆၂ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Source/ Photo- Data for Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013