DVB Logo
Home
မြန်မာသတင်း
မူဆယ် ဆင်ဖြူ-ကျယ်ဂေါင်ဂိတ်မှ ကုန်ပစ္စည်း သယ်ဆောင်ခွင့် တရုတ်ဘက်ကပိတ်
DVB
·
November 11, 2024
မူဆယ် ဆင်ဖြူ-ကျယ်ဂေါင်ဂိတ်မှ ကုန်ပစ္စည်း သယ်ဆောင်ခွင့် တရုတ်ဘက်ကပိတ်
Donate to DVB

တရုတ်-မြန်မာနယ်စပ်၊ မူဆယ် ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်ကနေ ကုန်ပစ္စည်း သယ်ဆောင်ခွင့် တရုတ်ဘက်က နိုဝင်ဘာ ၁၁ ရက်မနက်ကစ ပိတ်လိုက်တယ်လို့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ 

တရုတ်ပစ္စည်း အဝယ်တော်တယောက်က “ဆင်ဖြူပေါက်က ပိတ်ချလိုက်ပြီ။ ကုန် ဘာမှမပေးတော့ဘူး။ မန့်ဝိန်းပေါက်တော့ တရုတ်ဘက်က တန်းခိုင်းတယ် ပြောတယ်၊ မြန်မာဘက်က မဖွင့်တာ” လို့ ပြောပါတယ်။ 

စူပါကာစတန်ကားတွေ၊ ပေါင်မုန့်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လုံးဝ သယ်ခွင့်မရတော့ဘူးလို့ ဆိုပါတယ်။ 

တရားဝင် ဂျူတီလမ်းကြောင်းကနေ သွားမယ်ဆိုရင် မန့်ဝိန်းကနေပဲ အရင်လို ၆ ဘီးတွေ ဘာတွေနဲ့၊ ကားကြီးတွေနဲ့ ပြန်ထွက်ရမယ်လို့ ယူဆရပြီး တရုတ်ဘက်က ဆိုင်ကယ်နဲ့ ကားတွေ လမ်းပိတ်ဆို့မှု ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တယ်ဆိုပေမဲ့ နိုင်ငံရေးကြောင့် ဖြစ်တယ်လို့ တရုတ်ပစ္စည်း အဝယ်တော်တယောက်က ပြောပါတယ်။ 

“နိုင်ငံရေးကြောင့်ပါ။ ဒီဘက်က တောင်းဆိုချက်၊ ဟိုဘက်က အကျိုးလိုလို့ လုပ်ပေးနေတာ။ အဓိက သူတို့က ဒီဘက်က တချို့အဖွဲ့အစည်းတွေကို သူတို့ ရိက္ခာဖြတ်ချင်တာ။ ဒါကြောင့်မို့လို့ ဆီတွေရော၊ ခေါက်ဆွဲခြောက်တွေရောကအစ ဒီလိုမျိုး ပြဿနာတွေ ဖြစ်တာလေ။ တကယ်လို့ လမ်းရဲ့ အနေအထားကြောင့်ပဲ ဆိုရင် ဒီလိုကုန်တွေ သတ်မှတ်စရာ ဘာအကြောင်းမှ မရှိဘူးလေ။”

တရုတ်ဘက် ကျယ်ဂေါင်က တရုတ်-မြန်မာ နယ်စပ် လမ်းမတွေပေါ်မှာ ဆိုင်ကယ်၊ ကားတွေ ပြည့်ကျပ်နေပြီး လမ်းပိတ်နေတဲ့အပြင် မကြာခဏ ကုန်တင်ဆိုင်ကယ်တွေ လဲပြီး လူသွားလာဖို့ ခက်ခဲစေသလို နေ့တိုင်း ရန်ဖြစ်တာတွေကြောင့်လို့ သိရကြောင်း၊ ကုန်စည်တွေကို ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကနေသာ သယ်ဆောင်သင့်ကြောင်း နယ်စပ်ကုန်သည်တွေက ‌ပြောပါတယ်။ 

"တရုတ်ဘက်ကတော့ ကုန်တင်ထားတဲ့ ကားတွေကို လုံးဝ ထွက်ခွင့်မပေးတော့ပါဘူး မြန်မာပြည်ဘက်ကို” လို့ နယ်စပ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ 

ဆိုင်ကယ်အလွတ်တွေ၊ ကုန်မပါတဲ့ ဆိုင်ကယ်တွေ ထွက်လို့ ရပေမဲ့ ကုန်တင်ထားတဲ့ ယာဉ်မှန်သမျှ တစီးမှ ပေးမထွက်တော့ကြောင်း၊ ကုန်လုံးဝ မတင်ရင်တော့ ပေးထွက်တယ်လို့ သူက ပြောပါတယ်။ 

မူဆယ်မြို့ကနေ နမ့်ခမ်းဘက်အထွက် ပန်ခမ်းတံတားမှာလည်း နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ကုန်တွေ ပေးမထွက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“(နယ်စပ်ဂိတ်ကနေ ပစ္စည်းသယ်ဆောင်ခွင့် မပြုဘူးဆိုတာ) ခဏ နေမှာပါ။ နိုင်ငံရေး ကစားတာလို့ ယူဆရပါတယ်” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

မြန်မာနိုင်ငံသားတွကို ယူနန်ဗီဇာပါ ပိတ်မယ်လို့ ကြားရကြောင်း နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်တွနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်းတွေနဲ့ ကုန်စည်တွေကို ကုန်စည် ဖြတ်သန်းသွားလာခွင့်မပြုတဲ့ လမ်းကြောင်းကနေ နိုင်ငံတွင်း သယ်ဆောင်ခွင့်မပြုကြောင်း၊ ကျယ်ဂေါင်ကနေ ပြည်ဝင် ပြည်ထွက် ကုန်ပစ္စည်း‌တွေအားလုံး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကနေသာ ဝင်ထွက်ရမည် ဖြစ်ဖြစ်‌ကြောင်း၊ ကြေညာချက်အတိုင်း နိုဝင်ဘာ ၁၁ ရက်နေ့ ပေကျင်းစံတော်ချိန် မနက် ၈ နာရီမှာ စအကောင်အထည်ဖော်မှာ ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရ၊ ဂိတ်ဆိုင်ရာရုံးကနေ နိုဝင်ဘာ ၉ ရက်က အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။ 

အကောက်ခွန်ဌာနချုပ်ရဲ့ သတ်မှတ်ချက်အရ ကျယ်ဂေါင်ကနေ တင်ပို့မယ့် ကုန်ပစ္စည်းတွေ အားလုံး မန့်ဝန်းဂိတ်ပေါက်ကနေ ဖြတ်သန်းသွားလာရမှာ ဖြစ်ကြောင်း၊ ခရီးသည်ယာဉ်တွေ၊ ၂ ဘီး၊ ၃ ဘီး ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေကို ဆင်ဖြူဂိတ်ပေါက်မှ ပစ္စည်းသယ်ယူခွင့် မပြုတော့ကြောင်း၊ အဲဒီသတ်မှတ်ချက်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာဘက်မှ နားလည်မှုပေးနိုင်ပါရန် မေတ္တာရပ်စာကို နိုင်ဝင်ဘာလ ၈ ရက်က တရုတ်ဘက် ရွှေလီမြို့အစိုးရ ပြည်ပဆက်ဆံရေးရုံးကနေ မြန်မာဘက် မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူးဆီ စာပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံဘက် ကူမင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တက်ရောက်ခဲ့ပြီးနောက် အခုလို မူဆယ် နယ်စပ်ဂိတ်ကို ထပ်မံ တင်းကျပ်လာတာ ဖြစ်ပါတယ်။ 

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013