DVB Logo
Home
အားကစား
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာကို ဂရေဟမ်ပေါ်တာ ချီးကျူး
DVB
·
November 11, 2024
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာကို ဂရေဟမ်ပေါ်တာ ချီးကျူး
Donate to DVB

ချဲလ်ဆီးအသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်နိုင်ခဲ့တဲ့ နည်းပြမာရက်စ်ကာကို အသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာက ချီးကျူးသွားပါတယ်။ 

မာရက်စ်ကာဟာ မနှစ်ကရာသီက လက်စတာအသင်းကို တန်းတက်ခွင့်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ တာဝန်ယူခဲ့တာပါ။ 

အသင်းနဲ့အတူ ပထမဆုံးရာသီမှာပဲ လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မာရက်စ်ကာကို နည်းပြ ဂရေဟမ်ပေါ်တာက ချီးကျူးခဲ့တာပါ။ 

ချဲလ်ဆီးအသင်းဟာ တည်ဆောက်နေဆဲအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ နည်းပြမာရက်စ်ကာက ထူးချွန်ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းရဲ့ကစားပုံကို ကွင်းထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြောင်း ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ပွဲစဉ် ၁၁ အပြီးမှာ ပရီးမီးယားလိဂ်အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013