DVB Logo
Home
နိုင်ငံတကာ
ကလေးများ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေး နိုင်ငံ ၁၀၀ ကျော် ဆွေးနွေး
DVB
·
November 9, 2024
ကလေးများ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေး နိုင်ငံ ၁၀၀ ကျော် ဆွေးနွေး
Donate to DVB

ကလေးငယ်တွေအပေါ်  အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးပွဲကို ကိုလံဘီယာနဲ့ ဆွီဒင်အစိုးရတို့က ပူးတွဲ ကျင်းပတာဖြစ်ပြီး ကလေးတွေကို အနိုင်ကျင့်ခြင်း၊ ‌အခွင့်ရေးယူအမြတ်ထုတ်ခြင်းတွေကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီအစည်းအဝေးက ကလေးတွေအပေါ် ကာယ၊ စိတ်ခံစားမှု၊ လိင်အကြမ်းဖက်မှုစတဲ့ အချက်တွေအပါအဝင် သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲဆိုတာ အဓိကဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ကိုလံဘီယာသမ္မတ ပီထရိုက ကလေးငယ်တွေရဲ့ အကြမ်းဖက်ခံရမှုတွေအပေါ် အများဆန္ဒအရ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအဝေးပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂရဲ့ ကလေးအကြမ်းဖက်ခံရမှု ကာကွယ်ရေးအထူးအဖွဲ့တို့ ပါဝင်ပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေရဲ့ တဝက်ကျော်ကို လေ့လာခဲ့တဲ့ WHO ရဲ့ စစ်တမ်းတွေအရ နှစ်စဉ် ကလေး ၄၀၀၀၀ ဝန်းကျင် လူသတ်မှုတခုတည်းကြောင့် သေဆုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

ကလေးငယ်တွေ အကြမ်းဖက်ခံရတာကလည်း အိမ်တွင်းဖြစ်စဉ်တွေဖြစ်ပြီး သတင်းထုတ်ဖော်ခွင့်လည်း မရှိသလို အကြမ်းဖက်ခံရတဲ့ကလေးငယ်တွေ အကူအညီရရှိမှု ရာခိုင်နှုန်းကလည်း ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိတယ်လို့လည်း WHO က  ဆိုပါတယ်။ 

အသက် ၂ နှစ်ကနေ အသက် ၁၇ နှစ်အရွယ်အားလုံး အကျုံးဝင်ပြီး ကလေး ၅ ယောက်မှာ  ၃ ယောက်လောက်ဟာ  အိမ်တွေမှာ ပုံမှန်အပြစ်ပေးခံနေရတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မိန်းကလေး ၅ ယောက်မှာ တယောက်နှုန်း ၊  ယောကျ်ားလေး ၇ ယောက်မှာ တယောက်နှုန်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်လို့ ဖော်ပြထားပြီး ၂၅ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း အတွင်း အနိုင်ကျင့်ခံရတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ၈ နိုင်ငံကတော့ ကျောင်းတွေမှာ အနိုင်ကျင့်ခံရတာတွေ မဖြစ်အောင် ကတိပြုခဲ့ကြပြီး ၁၂ နိုင်ငံလောက်ကတော့  မိဘတွေကို ထောက်ပံ့မှုတွေ ပိုလုပ်မယ်လို့ ဆိုပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာတော့ စာသင်ကျောင်းပေါင်း ၂၅၀၀၀ မှာ ကလေးတွေအတွက် အကာအကွယ်ပေးမှုတွေ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013