DVB Logo
Home
နိုင်ငံတကာ
One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း သေဆုံးမှုနှင့်ဆက်နွှယ်ပြီး လူ ၃ ဦး အဖမ်းခံရ
DVB
·
November 9, 2024
One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း သေဆုံးမှုနှင့်ဆက်နွှယ်ပြီး လူ ၃ ဦး အဖမ်းခံရ
Donate to DVB

ကမ္ဘာကျော် One Direction တေးဂီတအဖွဲ့ရဲ့ ကြယ်ပွင့် လီယမ်ပိန်း သေဆုံးမှုနဲ့ဆက်စပ်ပြီး အာဂျင်တီးနား အာဏာပိုင်တွေက လူ ၃ ယောက်ကို တရား စွဲဆိုထားတယ်လို့ အတည်ပြုပါတယ်။

အောက်တိုဘာ ၁၆ ရက်က ဗျူနိုအေးရိစ်မြို့တော်မှာရှိတဲ့ ကာဆာဆူဟိုတယ်ရဲ့ တတိယထပ် လသာဆောင်ကနေ ပြုတ်ကျခဲ့ပြီးနောက် အဆိုတော် လီယမ်ပိန်း သေဆုံးခဲ့တာဖြစ်ပါတယ်။

လီယမ်ပိန်းနဲ့အတူလိုက်ပါလာသူ တယောက်ဟာ လူသေဆုံးစေခဲ့တဲ့ ပစ်ပယ်ထားမှု အပါအဝင် မူးယစ်ဆေးရအောင် စီစဉ်ပေးခဲ့တဲ့အတွက် စွဲချက်တင်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဟိုတယ်ဝန်ထမ်း တယောက်နဲ့ တတိယမြောက် ဖမ်းဆီးခံရသူကလည်း မူးယစ်ဆေးဝါး ထောက်ပံ့မှုအရ တရားစွဲခံထားရပြီး အမည်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒီနာမည်ကြီးအဆိုတော် သေဆုံးခဲ့ရပြီးနောက် သူရဲ့ ဟိုတယ်အခန်းထဲမှာ မူးယစ်ဆေးတွေ အပါအဝင် အဖျက်ဆီးခံထားရတဲ့ ပစ္စည်းတွေနဲ့ ပရိဘောဂတွေကိုပါ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

အစိုးရရှေ့နေရုံးတာဝန်ရှိသူက “အရက်နဲ့မူးယစ်ဆေး အများအပြားပါလာတဲ့ ဧည့်သည်တယောက် ရောက်နေတယ်ဆိုပြီး ဟိုတယ်ဘက်က အရေးပေါ်ဝန်ဆောင်မှုကို ဖုန်းခေါ်ဆိုမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။ အဆိပ် အတောက်ဗေဒ စစ်ဆေးချက်အရ ကိုကင်း၊ အယ်လ်ကိုဟောနဲ့  စိတ်ကျရောဂါသောက်ဆေး သုံးစွဲထားတဲ့လက္ခဏာတွေကို ဖော်ထုတ်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။

အလောင်းရင်ခွဲကြည့်ရာမှာလည်း အထပ်မြင့်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့အတွက် အတွင်းရော၊ အပြင်မှာပါ သွေးထွက်လွန်ပြီး ဒဏ်ရာများစွာနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း အကြောင်းအရင်းကို ဆုံးဖြတ်ပေးခဲ့ပါတယ်။

အဲ့ဒီပေါ့ပ်အဆိုကျော်ရဲ့  ရုပ်အလောင်းကို မိသားစုရှိရာဗြိတိန်နိုင်ငံဆီ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လေကြောင်းနဲ့ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

အဲ့ဒီနောက် ဗြိတိန်အပါအဝင် ကမ္ဘာတဝန်းက ထောင်နဲ့ချီတဲ့ပရိသတ်တွေဟာ သူ့အတွက်အောက်မေ့ဖွယ်ရာ အခမ်းအနားတွေကို အသီးအသီးကျင်းပခဲ့ကြပါတယ်။

အသက် ၃၂ နှစ်အရွယ် ကလေး တယောက်အဖေဖြစ်သူ လီယမ်ပိန်းဟာ X Factor အဆိုပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီးနောက်၂၀၁၀ ပြည့်နှစ် ကာလအတွင်း One Direction အဖွဲ့နဲ့အတူ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013