DVB Logo
Home
အားကစား
တိုက်စစ်မှူးလီဝန်ဒေါ့စကီး ချန်ပီယံလိဂ်သွင်းဂိုး  ၁၀၀ ပြည့်ရန် နီးစပ်လာ
DVB
·
November 7, 2024
တိုက်စစ်မှူးလီဝန်ဒေါ့စကီး ချန်ပီယံလိဂ်သွင်းဂိုး  ၁၀၀ ပြည့်ရန် နီးစပ်လာ
Donate to DVB

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၉၉ ဂိုးပြည့်ခဲ့ပြီး ဂိုး ၁၀၀ ပြည့်ဖို့ ၁ ဂိုးအလိုကို ရောက်ရှိလာပါတယ်။

ဒီရာသီပြိုင်ပွဲစုံ ၁၆ ပွဲကစား ၁၉ ဂိုးသွင်းယူထားတဲ့ အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ်သမိုင်းတလျောက် ဂိုးအများဆုံးသွင်းသူစာရင်းမှာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် တတိယဂိုးသွင်းအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်အမှတ်ပေးဇယားပွဲစဉ် ၄ မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ အနိုင်ရခဲ့ပြီး အာဆင်နယ်၊ အက်စတွန်ဗီလာစတဲ့အင်္ဂလန် ၂ သင်းရှုံးပွဲတွေ့ခဲ့ကာ မျက်နှာသစ် ပြင်သစ်ကလပ် ဘရပ်လည်း အနိုင်ရခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရက်စတားဘဲဂရိတ်အသင်းကို (၂-၅) ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ၃ ပွဲဆက်တိုက်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါ့စကီးနဲ့ ရာဖင်ဟာတို့ ဂိုးတွေသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ၅ ဂိုးစီ သွင်းယူထားတာ တွေ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေပါတယ်။

ချန်ပီယံလိဂ်နောက်ဆုံး ၃ ပွဲမှာလည်း ၁၄ ဂိုအထိ သွင်းယူထားနိုင်တဲ့ ဘာစီလိုနာဟာ ၁၉၅၉-၆၀ နောက်ပိုင်း ဥရောပပြိုင်ပွဲတွေ မှာ ၃ ပွဲဆက် ၄ ဂိုးအထက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာမီလန်ကို အဝေးကွင်းမှာ ပင်နယ်တီနဲ့ အရှုံး ပေးခဲ့ရတဲ့ အာဆင်နယ်အသင်းအတွက် ဒီရာသီပထမဆုံးဥရောပပြိုင်ပွဲ ရှုံးနိမ့်မှုဖြစ်လာပါတယ်။

ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း ပြီးခဲ့တဲ့ပွဲမှာ ဘင်ဖီကာကို အိမ်ကွင်းမှာကပ်ပြီး အနိုင်ရခဲ့တာတွေ့ရပါတယ်။

ချန်ပီယံလိဂ်မှာ ၃ ပွဲဆက်နိုင်ပြီး ခြေစွာနေတဲ့ အက်စတွန်ဗီလာဟာ ဘရုဂျက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီး နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ပါတယ်။

ချန်ပီယံလိဂ် မျက်နှာသစ်အသင်းဖြစ်တဲ့ ပြင်သစ်ကလပ်ဘရပ် ပြီးခဲ့တဲ့ပွဲမှာ စပါတာပရက်ကို အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်မှာ ၃ ပွဲနိုင် ၁ပွဲ ၁ ရေနဲ့ အံ့ဩဖွယ်ခြေစွမ်းပြနေပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အက်သလက်တီကို ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013