DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်  NUG ပညာရေးတာဝန်ခံ မိသားစု အသတ်ခံရ
DVB
·
November 6, 2024
ကနီမြို့နယ်  NUG ပညာရေးတာဝန်ခံ မိသားစု အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုဝင်ဘာ ၄ ရက် ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးအပါအဝင် မိသားစုဝင် ၃ ယောက် နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်။ တွေ့ရာ မြင်ရာ အကုန်လုံးသိမ်းကျုံး ခုတ်ထားတဲ့ပုံစံမျိုးပဲ။ ဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲ နဲ့ သမီးလေး ဝတ်ရည်လွှာတို့ သုံးဦးလုံးကို ဓားနဲ့ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် ခုတ်ထစ်သွားခဲ့တာ” လို့ ပြောပါတယ်။

ဘယ်အဖွဲ့စည်းတွေ ဘယ်လိုလူမျိုးတွေက လာသတ်သွားလဲဆိုတာတော့ မသိရသေးကြောင်း သမီးဖြစ်သူ ဝတ်ရည်လွှာက လူမမည်လေး ၃ လအရွယ်ပဲ ရှိသေးတာကြောင့် လူမဆန်စွာ သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်ဌေးမိသားစု အသတ်ခံရမှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  လိုက်လံစုံစမ်းနေပြီး လက်ရှိအချိန်မှာ ဘယ်အဖွဲ့စည်းက ဘာကြောင့် သတ်သွားလဲဆိုတာ မသိရသေးဘူးလို့  ကနီမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဦးဝင်းဌေး မိသားစု သတ်ဖြတ်ခံတဲ့အပေါ်စုံစမ်းဖော်ထုတ်နေပြီး ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013