DVB Logo
Home
မြန်မာသတင်း
ကော့သောင်း၌ စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး နေအိမ် ၅ လုံးကို မီးရှို့
DVB
·
November 6, 2024
ကော့သောင်း၌ စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး နေအိမ် ၅ လုံးကို မီးရှို့
Donate to DVB

တနင်္ဿာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသတဝိုက်မှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာပြီး ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်ကစပြီး မလိဝမ်းဒေသတဝိုက်ကို စစ်ကောင်စီအင်အား ၅၀ ခန့်က စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၃၁ ရက်မှာ ၂၂ မိုင်‌ကျေးရွာနဲ့ ၁၉ မိုင်ကျေးရွာတို့မှာရှိတဲ့ ဒေသခံ အယောက် ၂၀ လောက်ကို  စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၁ ရက် မနက် ၉ နာရီက ပျံလွှားအဖွဲ့ (LPDF)က မလိဝမ်းကျေးရွာအနီး ဂေါရင်ချောင်းအတွင်း ဝင်‌ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို  မိုင်း ၇ လုံးဆွဲခဲ့ပြီးနောက် မနက် ၁၁ နာရီမှာ တပ်စစ်ကြောင်းက ပြည်သူပိုင်ဥယျာဥ်ခြံထဲက နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သားတွေကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး အရေအတွက်ကို မသိရသေးပါဘူး။

အဲဒီနောက်  မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ကော့သောင်းမှ စက်လှေ တစီးနဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်က မလိဝမ်းကျေးရွာအနီး ဒေသအခေါ် တိုက်ဖြူသို့ အင်အား လာဖြည့်သွားပြီး မိုင်းထိတဲ့ တပ်သားတွေကိုလှေနဲ့ တင်ဆောင်ကာ ကော့သောင်းဘက် ပြန်လည်ထွက်ခွာခဲ့တယ်လို့ ပြောပါတယ်။

ကော့သောင်းပကဖအဖွဲ့ပြန်ကြားရေးတာဝန်ခံက “အမျိုးသမီး၊ အမျိုးသားဘယ်နှယောက်ဆိုတာ အတိအကျမသိရသေးဘူး။ ဖမ်းခံရပြီး မလွတ်သေးတာတော့ သေချာတယ်။ ဘယ်မှာ ဖမ်းထား လဲ ဆိုတာလည်း စုံစမ်းနေတုန်းပဲ။ စစ်ကြောင်းက သွားလိုက်လာလိုက်လုပ်နေတယ်”လို့ ပြောပါတယ်။

နိုဝင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီမှာလည်း ဂေါရင်ချောင်းကို စစ်ကောင်စီတပ်သားတွေ ထပ်ရောက်လာကာ နေအိမ်တွေနဲ့ ဥယျာဥ်ခြံတွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ကော့သောင်းပကဖအဖွဲ့ရဲ့ ပြောဆိုချက်အရ ယနေ့အချိန်ထိ ဖမ်းဆီးခံရတဲ့ အရပ်သားတွေမှာ ပြန်မလွှတ်လာသေးဘဲ ဘယ်နေရာမှာ ဖမ်းထားတယ်ဆိုတာလည်းမသိရဘူးလို့ ဆိုကာ အဆက်အသွယ်လည်းမရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013