DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းနှင့် ဘတ် သန်း ၁၀၀ ထပ်မံထုတ်ရောင်း
DVB
·
November 6, 2024
ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းနှင့် ဘတ် သန်း ၁၀၀ ထပ်မံထုတ်ရောင်း
Donate to DVB

နိုင်ငံခြားငွေဈေး ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်ဟာ နိုဝင်ဘာ ၄ ရက်မှာ အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ် သန်း ၁၀၀၊ တရုတ်ယွမ်ငွေ ၁ သန်းခွဲ အသီးသီး ထုတ်ရောင်းခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကို တဒေါ်လာ ၃၅၇၅ ကျပ်၊ ထိုင်းဘတ်ကို တဘတ် ၁၂၅ကျပ်၊ တရုတ်ယွမ်ကို တယွမ် ၅၂၉ ဒသမ ၉ နဲ့ ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းကတဆင့် ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဟာ နိုဝင်ဘာ ၄ ရက်မှာ တဒေါ်လာ ၄၄၀၀-၄၅၀၀ ဈေးပေါက်ခဲ့ပြီး ထိုင်းဘတ်ငွေဈေးကတော့ တဘတ်ကို ၁၂၉-၁၃၃ကျပ်၊ တရုတ်ယွမ်ဈေးကတော့ တယွမ်ကို ၆၁၅-၆၃၅ကျပ် ပေါက်ဈေးရှိပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ တလတည်းမှာတင် အမေရိကန်ဒေါ်လာ ၉၁ သန်း၊ ထိုင်းဘတ် ၆၁၀ သန်း၊ တရုတ်ယွမ် ၉ ဒသမ ၈ သန်းအထိ သန်းပေါင်းများစွာ ထုတ်ရောင်းပြီး ဒေါ်လာဈေးကို ထိန်းချုပ်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တဒေါ်လာ ၇၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ တရိပ်ရိပ် ပြန်ကျလာခဲ့ပြီး ၄၅၀၀ ကျပ် ဝန်းကျင်မှာ ငြိမ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013