DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားတွင် ရှားပါးမိကျောင်းမျိုးစိတ်များ တွေ့ရှိ
DVB
·
November 5, 2024
ကမ္ဘောဒီးယားတွင် ရှားပါးမိကျောင်းမျိုးစိတ်များ တွေ့ရှိ
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံမှာ ရှားပါးမိကျောင်းမျိုးစိတ်အသိုက် ၅ ခုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက မကြာသေးခင်လပိုင်းတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထိုင်းမိကျောင်းလို့ ခေါ်တဲ့ ဆီယာမီ မိကျောင်းအသိုက်တွေကို ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားဥယျာဉ်ထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်တွေ့ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ အကြီးမားဆုံး ဆီယာမီမျိုးစိတ် မိကျောင်းမွေးဖွားမှု ဖြစ်လာခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာရှိတဲ့ ကာဒါမွန်းအမျိုးသားပန်းခြံထဲမှာ မိကျောင်းဥပေါင်း ၁၀၀ ကျော် တွေ့ခဲ့ပြီး ၆၆ လုံးကတော့ ပျက်စီးခဲ့တာ တွေ့ရပါတယ်။

ကျန်တဲ့ မိကျောင်းဥ ၆၀ ကတော့ အကောင်ပေါက်ခဲ့တာကြောင့် ဆီယာမီမျိုးစိတ်မိကျောင်း မွေးဖွားမှုနှုန်း အများဆုံးဖြစ်ခဲ့တာပါ။

ဒီမိကျောင်းမျိုးစိတ်ဟာ ပျောက်ကွယ်နေတာကြာပြီဖြစ်ပြီး အခုလို ပြန်တွေ့မှုကို ကမ္ဘောဒီးယားနိုင်ငံ တိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေး ဒါရိုက်တာ ပါဘလိုဆီနိုဗာက ပြောပါတယ်။

“ဒီနိုင်ငံမှာ အခုလို မိကျောင်းမျိုးစိတ်တွေ မွေးတာက အကြီးမားဆုံး စံချိန်ပါ။ ဆီယာမီ မိကျောင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက မျိုးတုံးပျောက်ကွယ်နေတဲ့ မျိုးရိုးပါ။ အခု ဒီမိကျောင်းမျိုးပေါက်တဲ့ နေရာ ၆၀ လောက် တွေ့ထားပါတယ်။ ဒါဟာ မိကျောင်းမျိုးစိတ်တွေ အမှန်တကယ် ပြန်ပေါက်ဖွားဖို့ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။”

မိကျောင်းဥတွေ မပေါက်ခင်က ကမ္ဘောဒီးယား တိရစ္ဆာန်နဲ့  အပင်ထိန်းသိမ်းရေးအဖွဲ့က အမျိုးသားဥယျာဉ်ထဲမှာ လှည့်လည်ပြီး ဥတွေကို သားရဲတွေ ရန်ကနေ ကာကွယ်ပေးမှုတွေ၊ အသိုက်တွေကို ဖုံးအုပ်တာတွေ ပြုလုပ်ပေးနေပါတယ်။

ဆီယာမီ မျိုးစိတ်မိကျောင်းတွေ ဒီဒေသမှာ တွေ့တာက သဘာဝပတ်ဝန်းကျင်မှာ ဒီလိုမျိုးစိတ်တွေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။

မိကျောင်းဥတွေကို တခြားသားရဲတိရစ္ဆာန်တွေ မနှောင့်ယှက်အောင် ကာကွယ်မှုတွေ ပြုလုပ်ပေးတယ်လို့လည်း ပါဘလိုဆီနိုဗာက ပြောပါတယ်။

“မိကျောင်းအသိုက်တွေကို သားရဲတွေ မလာအောင် ကာကွယ်မှုတွေ ပြုလုပ်ရမှာပါ။ ပုံမှန်အတိုင်းဆို ဒီဥတွေကို မိကျောင်းမတွေက စောင့်ရှောက်ပေမဲ့ သူတို့ အစာရှာချိန်မှာ မိကျောင်းဥတွေ မဆုံးရှုံးအောင် စောင့်ရှောက်ဖို့ လိုပါတယ်။”

ဆီယာမီမိကျောင်းမျိုးဟာ ကမ္ဘာပေါ်မှာ ၁၀၀ ဝန်းကျင်သာ ရှိပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ကောင်ရေ ၃၀၀ ကျော်ရှိတယ်လို့ နိုင်ငံတကာ သဘာဝလေ့လာရေးအဖွဲ့က ပြောပါတယ်။

ဆီယာမီ မိကျောင်းဟာ အရွယ်အစားအလယ်အလတ်အရွယ်သာရှိပြီး ဘရူနိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ အတွေ့များတဲ့ မိကျောင်း မျိုးဖြစ်ပါတယ်။ မိကျောင်းမျိုးစိတ်တွေ ကာကွယ်ဖို့နဲ့ သူတို့ရဲ့ သဘာဝကို လေ့လာသွားမယ်လို့ ပါဘလိုဆီနိုဗာက ဆိုပါတယ်။

“တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ ထပ်ပြီး သူတို့ကို အမြဲစောင့်ကြည့်မှုပြုလုပ်ကာ မိကျောင်းတွေ မြေပြင်ကျယ်မှာ ဘယ်လိုနေထိုင်သလဲဆိုတာ လေ့လာသွားမှာပါ။ မိကျောင်းသားပေါက်တဲ့ ရာသီမှာလည်း သူတို့ရဲ့ အသိုက်တွေနဲ့ ဘယ်လိုမွေးဖွားလဲဆိုတာ နားလည်အောင် ပြုလုပ်မှာပါ။”

ဆီယာမီ မိကျောင်းမျိုးစိတ်ဟာ လူတွေကို အန္တရာယ်ပေးတဲ့ မျိုးစိတ်တခုအဖြစ် ထင်ရှားပြီး ဒေသခံတွေရဲ့ သုတ်သင်မှုကြောင့် မျိုးတုံးပျောက်ကွယ်လာတဲ့ မိကျောင်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013