DVB Logo
Home
Lead Story
နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်စည်းဝေးရန် ပြင်ဆင်
DVB
·
October 12, 2014
နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်စည်းဝေးရန် ပြင်ဆင်
Donate to DVB

နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်စည်းဝေးပွဲတရပ် ကျင်းပပြုလုပ်ပြီး အမျိုးသားပညာရေးဥပဒေကို တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်ကြောင်း  ဆွေးနွေးညှိနှိုင်း ဆုံးဖြတ် အဖြေရှာကြဖို့ ရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ တကသ တို့ ပူးပေါင်းပြီး ကျောင်းသားထုစည်းဝေးပွဲဖြစ်မြောက်ရေး အလုပ်အဖွဲ့ကို အဖွဲ့ဝင် အယောက် ၂၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့လည်း စည်းဝေးပွဲဖြစ်မြောက်ရေးအလုပ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ကျင်းပပြုလုပ်မှာဖြစ်ပြီး အစည်းအဝေး ကျင်းပမယ့်နေရာကိုတော့ လောလောဆယ်ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

နောင်မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ချုပ် ဗကသနဲ့ တကသိုလ်ကျောင်းသား သမဂ္ဂ တကသ တို့ သဘောညီတာတွေကို အလားတူ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ရှိပြီး တလုံးတစည်းတည်းသော နိုင်ငံလုံးဆိုင်ရာ ကျောင်းသာထုညီလာခံ ပေါ်ထွက်လာရေးအထိ ကြိုးပမ်းလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ်လို့ ကိုရဲင့်ကျော်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်စည်းဝေးပွဲကျင်းပရတဲ့အကြောင်းနဲ့ ဆွေးနွေးမယ့် အကြောင်းအရာတွေ သိရအောင် စည်းဝေးပွဲ ဖြစ်မြောက်ရေးအလုပ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013