DVB Logo
Home
နိုင်ငံတကာ
G7 ဝန်ကြီးများ၏ကြေညာချက်က လိုရာဆွဲ မမှန်မကန်ဖော်ပြမှုဖြစ်ဟု တရုတ်တုံ့ပြန်
DVB
·
November 1, 2024
G7 ဝန်ကြီးများ၏ကြေညာချက်က လိုရာဆွဲ မမှန်မကန်ဖော်ပြမှုဖြစ်ဟု တရုတ်တုံ့ပြန်
Donate to DVB

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှား ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပန်မိတယ်လို့ အခုလ အစောပိုင်းမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7  ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ဟာ အချက်အလက်တွေကို လိုရာဆွဲပြီး မမှန်မကန် ပြောထားတာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်းဂံက ပြောပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေ၊ အရှေ့နဲ့ တောင်တရုတ်ပင်လယ်တို့က အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိဘဲ စွပ်စွဲခဲ့တယ်လို့ ကျန်းက မြို့တော်ပေကျင်းမှာ အောက်တိုဘာ ၂၉ ရက်က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွက် G7 အလှည့်ကျဥက္ကဋ္ဌ ရာထူးကို ရယူထားတဲ့ အီတလီဟာ ဥရောပသမဂ္ဂနဲ့ NATO ကိုယ်စားလှယ်တွေအပြင် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရတ်စတဲမ် အူမာရော့ဗ် တို့လည်း ပါဝင်တက်ရောက်ခဲ့တဲ့ နေပယ်မြို့က ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲအတွင်း G7 ကာကွယ်ရေးဝန်ကြီးတွေဟာ ထိုင်ဝမ်ရဲ့ အနီးတဝိုက်မှာ တရုတ်က လတ်တလော စစ်ရေးလေ့ကျင့်တာနဲ့ ရုရှားအစိုးရကို တရုတ်က ထောက်ခံမှုတွေအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013