DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ရပ်နားထား
DVB
·
October 31, 2024
ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ရပ်နားထား
Donate to DVB

ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတချို့ဟာ ခရီးစဉ်ပြေးဆွဲတာကို ရပ်နားထားတယ်လို့ လေကြောင်းလိုင်းတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တချို့ ရပ်နားထားပြီး စစ်တွေကို လေယာဉ်နဲ့သွားမယ်ဆိုရင် Air KBZ လေကြောင်းလိုင်းတခုသာ ရှိတော့ကာ လေယာဉ်လက်မှတ်ဈေးနှုန်းလည်း တိုးမြှင့်ထားတယ်လို့ လေကြောင်းလိုင်းတွေရဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။

Star Wave Air Ticketing က အရောင်းကိုယ်စားလှယ်တယောက်က “စစ်တွေကို ခရီးစဉ်က နေ့တိုင်းတော့ရှိပါတယ်။ ဒါပေမဲ့ သွားမယ့်ရက်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်။ လက်ရှိကတော့ Air KBZ လေကြောင်းလိုင်းတခုပဲ စစ်တွေကို သွားပါတယ်။ ဈေးနှုန်းကတော့ နိုဝင်ဘာ ၇ ရက်နေ့အထိဆိုရင် ၃၁၅,၀၀၀ ကျပ်ပါ။ ကျန်တဲ့လေကြောင်းလိုင်းတွေကတော့ ပျံသန်းမှု ရပ်နားထားပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်တဲ့ အချိန်ကစပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ခရီးစဉ်ပြေးဆွဲတာ ရပ်နားထားတာကြောင့် ရန်ကုန်ကို ရောက်ရှိနေတဲ့သူတွေဟာ စစ်တွေကိုပြန်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံတယောက်က “Air KBZ တလိုင်းပဲ ပြေးနေတော့ အဲဒီမှာ လူပြုံတိုးနေတာ။ ကိုယ်ပြန်လို့ရမယ့်ရက်ကို အတိအကျပြော၊ ခုံရှိမှ လိုက်လို့ရမှာ။ ခရီးစဉ်ကိုလည်း အချိန်မရွေး ဖျက်သိမ်းနိုင်တယ်လို့လည်း ပြောတယ်။ ကုန်းလမ်းကလည်း ပြန်မရဘူး၊ ရေလမ်းကလည်း မရဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ မြို့သိမ်းနိုင်တဲ့ အခြေအနေတွေကြောင့် စစ်တွေအပြင် ကျောက်ဖြူလေဆိပ်၊ သံတွဲလေဆိပ်တွေကို ပျံသန်းမှု ရပ်နားထားရတယ်လို့ လေကြောင်းလိုင်းတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013