DVB Logo
Home
မြန်မာသတင်း
NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး The Edward Barsky Award ဆုလက်ခံရယူ 
DVB
·
October 31, 2024
NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး The Edward Barsky Award ဆုလက်ခံရယူ 
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးကျန်းမာရေးသူရဲကောင်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနတို့ကို  အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ပေးအပ်ချီးမြှင့်တဲ့  The Edward Barsky Award ဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကိုယ်စား လက်ခံရယူခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ အောက်တိုဘာ ၂၇ ရက် ညနေက ကျင်းပတဲ့ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ညီလာခံကနေ ဆုပေးအပ်ချီးမြှင့်ရာမှာ NUG ပညာရေးဝန်ကြီးဌာနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဆုလက်ခံယူခဲ့တာလို့   ကျန်းမာရေးဌာနရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဆုဟာ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်နဲ့ ထိခိုက်ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွ၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရှေ့တန်းစစ်မြေပြင်နဲ့ ဒေသအသီးသီးမှာ ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ညွှန်းဂုဏ်ပြုတဲ့အကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒီလို ကျန်းမာရေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ကမ္ဘာကြီးအနေနဲ့ နှုတ်ဆိတ် မနေသင့်ကြောင်း၊ မြန်မာပြည်သူတွေ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို ကာကွယ်အဆုံးသတ်ပေးဖို့ မိမိတို့ရဲ့ အသံတွေကို မြှင့်တင်ရမှာဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာသာမက ဆူဒန်၊ ယူကရိန်း၊ ဂါဇာ၊ အစ္စရေးအပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှ ကျန်းမာရေးလုပ်သားတွေကို ကာကွယ်မှုပေးဖို့နဲ့ ကျန်းမာရေးကဏ္ဍကို လက်နက်သဖွယ် အသုံးပြုခြင်းကို တားဆီးပေးဖို့ တောင်းဆိုလိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဟာ လူ့အခွင့်အရေးဖြစ်ပြီး လက်နက်မဟုတ်ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တခြားကျန်းမာရေးလုပ်သားတွေနဲ့ ပြည်သူ့အခြေပြု ကျန်းမာရေးအဖွဲ့အစည်းတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေ ရှိနေသည့်တိုင် NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲပြီး ပြည်သူဦးဆောင်တဲ့ ကျန်းမာရေးစနစ်တွေ တည်ထောင်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ရဲဝံ့စွာ ပေးအပ်ခဲ့တာကြောင့် အခုဆုကို ပေးအပ်ချီးမြှင့်ခံရတာလို့သိရပါတယ်။

အမေရိကန်ဆရာဝန်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာ Edward Barsky ကိုဂုဏ်ပြုတဲ့အနေနဲ့  ပေးအပ်တဲ့   The Edward Barsky Award ဆုဟာ ကမ္ဘာတဝန်း ကျန်းမာရေး၊ လူမှုတရားမျှတမှုနဲ့ လူ့အခွင့်အရေးတို့မှာ ထူးခြားထက်မြက်စွာ ပံ့ပိုးကူညီခဲ့တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ ထင်ရှားတဲ့ ဆုတခုဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကျန်းမာရေးနဲ့ တရားမျှတမှုကို မြှင့်တင်ပေးဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလား ဦးဆောင်တဲ့ အာဖရိကအမျိုးသားကွန်ဂရက် (ANC) လို အဖွဲ့အစည်းတွေကိုလည်း  ဒီဆု  ဂုဏ်ပြုချီးမြှင့်ခံရဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013