DVB Logo
Home
မြန်မာသတင်း
မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူပြဿနာ ဖြေရှင်းရန် ကတိပြု
DVB
·
October 30, 2024
မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူပြဿနာ ဖြေရှင်းရန် ကတိပြု
Donate to DVB

အရှေ့တောင်အာရှ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံ‌တွေဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူနဲ့ လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းနိုင်ရေး ပိုမိုလုပ်ဆောင်ဖို့ ကတိပြု ခဲ့ကြပြီး ဒီဆွေးနွေးပွဲကို စစ်ကောင်စီခန့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြ ပါတယ်။

ကြည်လင်သော ကောင်းကင် မဟာဗျူဟာ - “Clear Sky Strategy 2024-2030” အမည်နဲ့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဒီအခမ်းအနားကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ် ဆငဲမ်ဖုန်းနဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ချလန်ချိုင် ဆီရိအုန်တို့ တက်ရောက်ခဲ့ကြသလို လာအိုနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးလည်း တက်ရောက်ခဲ့ ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ဇွန်လကတည်းက နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ ထိုင်းနိုင်ငံက သုံးနိုင်ငံအတွင်း ပြင်းထန်တဲ့ မီးခိုးမြူထူ ဖုံးလွှမ်းမှုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လာအို၊ မြန်မာတို့နဲ့ ၃ နိုင်ငံ အွန်လိုင်းအစည်းအဝေးတခု ပြုလုပ်ခဲ့ကာ လုပ်ငန်းစီမံချက်နဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက်အဖြစ် ဆောင်ရွက်မယ့် ဒီဗျူဟာကို ရေးဆွဲဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါဟာ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ အထူးသဖြင့် တောမီး လောင်ကျွမ်းမှုတို့ကနေနဆင့် ပေါ်ပေါက်လာတဲ့ ညစ်ညမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရှေ့တောင်အာရှအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်အစီအစဉ်ကနေ မွေးဖွားလာတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကတော့ သူတို့ဝန်ကြီးဌာန အနေနဲ့ တောမီးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အလေးပေး ပြောကြားထားပြီး ခိုင်မာတဲ့ ရလဒ်ကို ဖန်တီးနိုင်ရေးအတွက် အိမ်နီးချင်း နှစ်နိုင်ငံနဲ့ နီးကပ်စွာ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013