DVB Logo
Home
နိုင်ငံတကာ
တိုက်ခိုက်မှု ထပ်မလုပ်ရန် အမေရိကန်က အီရန်ကို သတိပေး
DVB
·
October 30, 2024
တိုက်ခိုက်မှု ထပ်မလုပ်ရန် အမေရိကန်က အီရန်ကို သတိပေး
Donate to DVB

အစ္စရေး ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်သားတွေအပေါ် နောက်ထပ် ရန်လိုတဲ့လုပ်ရပ်တွေ လုပ်ရင် ဖြစ်လာမယ့် ပြင်းထန်တဲ့ အကျိုးဆက်တွေအကြောင်း အမေရိကန်က အီရန်ကို အောက်တိုဘာ ၂၈ ရက်မှာ သတိပေးခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ အမေရိကန်အနေနဲ့ နောက်ထပ် တင်းမာမှုတွေ မမြင်ချင်ပါဘူး။ အစ္စရေးနဲ့ အီရန်ကြား တိုက်ရိုက်ပစ်ခတ်မှု အဆုံးသတ်သင့်တယ်လို့ ယုံကြည်ပါတယ်” လို့ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

စနေနေ့ အရုဏ်မတက်မီ အစ္စရေးက အီရန်နိုင်ငံထဲက ဒုံးကျည်စက်ရုံတွေနဲ့ တခြားနေရာတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လုံခြုံရေးကောင်စီက အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အီရန်က အောက်တိုဘာ ၁ ရက်က ပဲ့ထိန်းဒုံးကျည် ၂၀၀ လောက်နဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ  သံအမတ်ကြီး အာမီယာ ဆေးယတ် အီရာဗာနီက အမေရိကန်ဟာ သူ့မဟာမိတ် အစ္စရေးကို စစ်ရေးအရ ပံ့ပိုးကူညီရင်း ဝင်ရှုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အချုပ်အခြာအာဏာပိုင် နိုင်ငံအနေနဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ ဒီရန်လိုမှုလုပ်ရပ်ကို ရွေးချယ်တဲ့အချိန်မှာ တုံ့ပြန်ဖို့ သူ့ရဲ့ မွေးရာပါအခွင့်အရေးက လက်ဝယ်ရှိပါတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီ ဒါနွန်က အီရန်ရဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုပြီး မိုက်မဲတဲ့ အစိုးရတရပ်က နျူးကလီးယားစွမ်းရည်တွေ မရအောင် တားဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကလည်း ချင့်ချိန်မှုရှိပြီး အချိုးကျတယ်လို့ ဒါနွန်က ပြောပါတယ်။ အစ္စရေးဟာ သူ့ကိုယ်သူ ဆက်ကာကွယ်သွားမယ်လို့ ဒါနွန်က ပြောပါတယ်။

ဂါဇာကမ်း‌ေမြာင်မှာ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးနဲ့ လက်ဘနွန်တို့ကြား တိုက်ပွဲတွေ အရှိန်လျော့သွားစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖူခုံးက တောင်းဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဗာဆေး နေဗန်ဇီယာက အစ္စရေးကို ထောက်ခံတဲ့အတွက် အမေရိကန်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

အစ္စရေးရဲ့ သီတင်းပတ်ကုန်ရက်က တိုက်ခိုက်မှုကို အီရန်က မတုံ့ပြန်သင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ပြောပါတယ်။

“နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါမယ်။ ဒီအကြမ်းဖက်မှု အရှိန်အဟုန် မြင့်တက်လာတဲ့ မီးတောက်တွေဆီ နောက်ထပ် လောင်စာဆီ လောင်းထည့်လို့ မရပါဘူး။”

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013