
နေ့စဉ် ခရီးသည် ၃ သောင်းကနေ ၄ သောင်းအကြား သွားလာနေတဲ့ ရန်ကုန် ပန်းဆိုးတန်းနဲ့ ဒလဆိပ်ကမ်းအကြား ပြေးဆွဲဖို့ ဂျပန်နိုင်ငံက ရေယာဉ်အသစ် ၃ စီး အောက်တိုဘာလကုန်ခါနီး မြန်မာနိုင်ငံကို ရောက်လာတော့မယ်လို့ ပြည်တွင်း ရေကြောင်း ဦးစီးဌာန တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
[caption id="attachment_67562" align="alignright" width="393"]
ဒလဆိပ်ကမ်း ခရီးသွားပြည်သူများကို တွေ့ရစဉ်[/caption]
ဒီ သင်္ဘော ၃ စင်းဟာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်း ရှိနေပြီး လက်ရှိ ပြေးဆွဲနေတဲ့ ပန်းဆိုးတန်း- ဒလ ကူးတို့ ယာဉ်တွေနေရာမှာ အစားထိုး ပြေးဆွဲမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ နာကာတာနီ သင်္ဘောကျင်းမှာ တည်ဆောက်တဲ့ ဒီ သဘောင်္တွေဟာ ၁ စီးကို အမေရိကန်ဒေါ်လာ ၄ သန်းလောက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီ သင်္ဘောတွေ ရောက်လာချိန်နဲ့ ချိန်ကိုက်ပြီး ပန်းဆိုးတန်းနဲ့ ဒလ ကမ်းဘက်မှာ ဘောတံတား အသစ်တွေနဲ့ ဆိပ်ခံအသစ်တွေ ဆောက်လုပ် ပြီးစီးနေပြီလည်း ဖြစ်ပါတယ်။
ပြေးဆွဲခ တွေကိုတော့ လက်ရှိတိုင်း တယောက် ကျပ် ၁၀၀ နှုန်းပဲ ကောက်ခံမယ် လို့ သိရပါတယ်။











