DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် ဖက်နှင့်ထုတ်ပြီးဈေးမရောင်းသည့် ဈေးသည်များ ဒဏ်ငွေ သောင်းချီ ပေးနေရ
DVB
·
October 29, 2024
သာပေါင်းတွင် ဖက်နှင့်ထုတ်ပြီးဈေးမရောင်းသည့် ဈေးသည်များ ဒဏ်ငွေ သောင်းချီ ပေးနေရ
Donate to DVB

ဧရာဝတီတိုင်း သာပေါင်းမြို့မှာ အသား၊ ငါးအပါအဝင် ကုန်ပစ္စည်းတွေကို ရောင်းချနေ ဖက်နဲ့ထုတ်ပြီး မရောင်းတာကြောင့်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံရဲတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဖမ်းဆီးပြီး ဒဏ်ငွေတောင်းယူခဲ့တယ်လို့ ဒေသခံ ဈေးသည်တွေဆီက သိရပါတယ်။

ပလတ်စတစ်သုံးစွဲမှု လျော့ချဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ညွှန် ကြားချက်နဲ့ ရဲတွေနဲ့ စည်ပင် ဝန်ထမ်းတွေက အောက်တိုဘာ ၂၇ ရက်က သား၊ ငါးဈေးသည် အယောက် ၂၀ ကျော်ကို ဖမ်းဆီးပြီး ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ကာ ဈေးသည်တယောက် ၅၀၀၀၀ အထိ တောင်းယူခဲ့တာလို့ ဆိုပါတယ်။

သာပေါင်းမြို့ခံဈေး သည်တယောက်က “ဈေးရောင်းနေတုန်း ရဲတွေနဲ့ အတင်းလာဆွဲခေါ်တော့ ပါသွားတာ။ လန့်သွားတာပဲ ဘာလို့လဲပေါ့၊ ပုဇွန်တွေကို ဖက်နဲ့ထုတ်မရောင်းတာကြောင့် ဖမ်းတာတဲ့။ ဈေးရုံးလည်း ရောက်ကော ဒဏ်ငွေဆောင်ခိုင်းတာ ၅၀၀၀၀ တောင် တောင်းတာ။ ငွေ ၅၀၀၀၀ က ၅ ရက်လောက်ရောင်းရင်တောင် အဲ့လောက် မမြတ်ပါဘူး။ တောင်းတဲ့ဒဏ်ငွေက သူတို့ စီးပွားဖြစ်ပဲ။ ဈေးသည်တွေလည်း အခက်အခဲ အတော်ဖြစ်နေပြီ။ အရောင်းအဝယ်ကလည်း မကောင်းပါဘူး။ အမျိုးမျိုး ဒုက္ခပေးနေတာ။ ကျွတ်ကျွတ်အိတ်က အလွယ်တကူ တသက်လုံးထည့်ရောင်းနေတာ။ ပလတ် စတစ် မသုံးစေချင်ရင် ထုတ်လုပ်သူနဲ့ တင်သွင်းသူတွေ ဖမ်းလေ” လို့ ပြောပါတယ်။

ဖက်နဲ့ အသားငါးတွေ ထုတ်မရောင်းလို့ ဖမ်းဆီးခံရပြီး ဒဏ်ငွေပေးရတဲ့ ဈေးသည်တွေဟာ စည်ပင်သာယာကော်မတီက ခွင့်ပြုထားတဲ့ ရပ်ကွက်တွေထဲ ဖွင့်လှစ်ရောင်းချနေတဲ့ ပျံကျဈေးသည်တွေဖြစ်ပြီး ဒဏ်ငွေဆောင်ရတာကြောင့် ဈေးဆက်မရောင်းနိုင်တော့သူ တွေပါ ရှိလာတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ် စည်ပင်ဝန်ထမ်းဟောင်းတယောက်က ''အဓိကကတော့ငွေ ၅၀၀၀၀ အထိ ပေးရတာမှန်ရင် စည်ပင်နဲ့ ရဲတွေပေါင်းပြီး လုပ်စားတာပါ။ အမှန်တကယ် ပလတ်စတစ်နဲ့ ဈေးရောင်းရင်တောင် ပထမ သတိပေး အဆင်ပေါ့။ နောက်တော့ အရေးယူတဲ့အနေနဲ့ ငွေ ၁၀၀၀၀ လောက် ဒဏ်ရိုက်ခွင့်ရှိလို့ သိရတယ်။ အခုက ၅၀၀၀၀ တောင်ဆိုတော့ ဘယ်လွယ်ပါ့မလည်။ လုပ်ရဲသူကအခွင့် အရေးရနေတဲ့ကာလမို့ အကုန်သတိထားပေါ့။ အခုဆို တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူး အဲ့ဒီ ၂ ရက်ကို အစာေအသောက်၊ ကုန်စိမ်းနဲ့သားငါးတွေကို ဖက်နဲ့ထုတ်ပိုးရောင်းချဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရတယ်။ သတိ လုပ်ကိုင်စေချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပလတ်စတစ်သုံးစွဲမှုလျော့ကျစေဖို့ ရာသီတုဥပြောင်းလဲလာတာကို တုံ့ပြန်ဆောင်ရွက်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကိုတားကာကွယ်ဖို့ ဆိုပြီး ဈေးတွေမှာ ရှောင်တခင် စစ်ဆေးအသိပညာပေးဖို့ စည်ပင်ဝန်ထမ်း တွေကို အမိန့်ထုတ်ထားတာရှိတယ်လို့ စည်ပင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ပုသိမ်မြို့နယ်မှာ ဖက်နဲ့ အသားငါးတွေ ထုတ်မရောင်းလို့ဆိုပြီး ဈေးသည် ၃၀ ကျော်ကို တယောက် ၃၀၀၀၀ နှုန်း ဒဏ်ငွေတောင်းယူ ခဲ့သေးတယ်လို့ ဈေးသည်တွေဆီကသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013