DVB Logo
Home
နိုင်ငံတကာ
Boarding Pass မလိုသည့် မျက်နှာဖတ်စနစ် ထိုင်းလေဆိပ်များတွင် အသုံးပြုမည်
DVB
·
October 29, 2024
Boarding Pass မလိုသည့် မျက်နှာဖတ်စနစ် ထိုင်းလေဆိပ်များတွင် အသုံးပြုမည်
Donate to DVB

ထိုင်းလေဆိပ် ၆ ခုမှာ Boarding Pass မလိုတော့ဘဲ အထောက်အထားကို တကြိမ်သာ ပြရုံနဲ့ လေယာဉ်ပေါ် တက်တဲ့အထိ အဆင်ပြေစေမယ့် မျက်နှာဖတ်နည်းပညာသုံးစနစ်ကို အကောင်အထည်ဖော်သွားမယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။ 

ပြည်တွင်းခရီးသွားတွေအတွက် နိုဝင်ဘာ ၁ ရက်မှာ စတင်ကျင့်သုံးမှာဖြစ်ပြီး နိုင်ငံတကာ ခရီးသွားတွေအတွက်တော့ ဒီဇင်ဘာ ၁ ရက်နေ့မှာမှ စတင်အသုံးပြုမှာဖြစ်တယ်လို့ လေဆိပ် အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။ 

ဒီစနစ်ကိုသုံးဖို့အတွက် ခရီးသွားတွေဟာ လေဆိပ်မှာရှိတဲ့ check-in ကောင်တာ ဒါမှမဟုတ် ကိုယ့်ဘာသာလုပ်လို့ရနိုင်တဲ့ self-service check-in မှာ ကိုယ့်ဇီဝအချက်အလက်တွေကို မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။

ခရီးသည်ရဲ့ ဇီဝအချက်အလက်နဲ့ ခရီးသွားလာမှုအထောက်အထားတွေကို အီလက်ထရောနစ်နည်းနဲ့ မှတ်တမ်းတင်လိုက်ပြီးတာနဲ့ ခရီးသွားဟာ ဝန်စည်စလည် (Baggage) ချတဲ့နေရာကနေ  boarding gate အထိ ပတ်စ်ပို့ရော boarding pass ပါ လုံးဝပြစရာ မလိုတော့ပါဘူး။ 

ဒီလို မှတ်တမ်းသွင်းတာကို ခရီးစဉ် တကြိမ်သွားတိုင်း တခါတော့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို သုံးမယ့် လေဆိပ်တွေထဲမှာ သုဝဏ္ဏဘူမိလေဆိပ်၊ ဒွန်မောင်းလေဆိပ်၊ ချင်းမိုင်လေဆိပ်၊ မယ်ဖာလွမ်/ချင်းရိုင်လေဆိပ်၊ ဖူးခက်လေဆိပ်၊ ဟတ်ရိုင်လေဆိပ်တို့ ပါဝင်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013