DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား ပါဝင်လာပါက ယူကရိန်းကို လက်နက်မကန့်သတ်တော့ဟု အမေရိကန် ပြော 
DVB
·
October 29, 2024
ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား ပါဝင်လာပါက ယူကရိန်းကို လက်နက်မကန့်သတ်တော့ဟု အမေရိကန် ပြော 
Donate to DVB

မြောက်ကိုရီးယားက ရုရှားစစ်ပွဲမှာ ဝင်ပါရင် ယူကရိန်းရဲ့ အမေရိကန် လက်နက်အသုံးပြုမှုအပေါ် ကန့်သတ်ချက်အသစ်တွေ မချမှတ်တော့ဘူးလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို ရုရှားနိုင်ငံဆီ စေလွှတ်ပြီး မြောက်ကိုးရီးယား စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကို ရုရှားရဲ့ ကာ့က်စ်ဒေသမှာ တပ်စွဲထားတာ အတည်ပြုနိုင်ခဲ့ပြီလို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူချုပ် မတ်ခ်ရူတေက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

“ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား နက်ရှိုင်းတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုက အင်ဒို-ပစိဖိတ်နဲ့ ယူရို-အတ္တလန်တိတ်ရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခုပဲ"လို့ နေတိုးအရာရှိတွေ သံတမန်တွေနဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ရူတေက ပြောခဲ့ပါတယ်။

ကာ့က်စ်ဒေသမှာ မြောက်ကိုရီးယားတပ်တွေ ချထားတာဟာ ရုရှားသမ္မတပူတင်ရဲ့ ကြီးထွားလာနေတဲ့ စိတ်ပျက် အားငယ်မှုရဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။

ပူတင်ရဲ့စစ်ပွဲမှာ ရုရှားစစ်သား ၆ သိန်း ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး နိုင်ငံခြားအကူအညီမပါဘဲ ယူကရိန်းအပေါ် တိုက်ခိုက်မှုကို ဆက်မထိန်းထားနိုင်တော့ဘူးလို့ ရူတေက ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်နေကြချိန်မှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးစွန်းဟွေဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ဆီ ရောက်နေပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA နဲ့ ရုရှားအရာရှိတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံဆီ သီတင်းပတ် ၆ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ချိုးစွန်းဟွေဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့မှာ ရုရှားနိုင်ငံဆီ ထွက်သွားတာလို့ KCNA က ပြောပါတယ်။

အစ္စရေးနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေကြား ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းဒေသကို အာရုံစိုက်မှုပြောင်းသွားပေမဲ့ ယူကရိန်းမှာ ၂ နှစ်ခွဲကြာနေတဲ့  ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေတာပါ။

မြောက်ကိုရီးယားက ရုရှားမှာ တပ်ဖြန့်လိုက်တာကလည်း အနောက်တိုင်းရဲ့ စိုးရိမ်မှုကို လှုံ့ဆော်ပေးနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013