DVB Logo
Home
နိုင်ငံတကာ
ဂျပန်ရွေးကောက်ပွဲတွင် အာဏာရပါတီ လူများစုနေရာဆုံးရှုံး၊ အစိုးရသစ်ဖွဲ့ရေး မရေရာ
DVB
·
October 28, 2024
ဂျပန်ရွေးကောက်ပွဲတွင် အာဏာရပါတီ လူများစုနေရာဆုံးရှုံး၊ အစိုးရသစ်ဖွဲ့ရေး မရေရာ
Donate to DVB

အရှုပ်တော်ပုံတွေကြောင့် နာမည်ပျက်နေတဲ့ အာဏာရပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းဟာ အောက်တိုဘာ ၂၇ ရက်က ကျင်းပတဲ့ ဂျပန်ရွေးကောက်ပွဲမှာ လူများစုနေရာ ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံကို ဦးဆောင်ဖို့ ဘယ်ပါတီကမှ ရှင်းလင်းတဲ့ အသာရမှုမျိုး မရှိတဲ့အတွက် အစိုးရသစ်ဖွဲ့ရေးမှာ မရေရာမှုတွေ ရှိလာခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ် ကိုမေတို ပါတီတို့ဟာ အောက်လွှတ်တော်မှာ ၂၁၅ နေရာရခဲ့ပြီး မူလက ၂၇၉ နေရာ ရှိခဲ့ရာကနေ လျော့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအစိုးရအဖွဲ့ ဝန်ကြီး ၂ ယောက်နဲ့ ကိုမေတိုပါတီခေါင်းဆောင်တို့ ရွေးကောက်ပွဲ ရှုံးခဲ့ပါတယ်။

အအောင်မြင်ဆုံးဖြစ်ခဲ့တာကတော့ အဓိကအတိုက်အခံ ကွန်စတီကျူးရှင်းနဲလ် ဒီမိုကရက်တစ်ပါတီ အော့ဖ် ဂျပန် (CDPJ) ဖြစ်ပြီး ၁၄၈ နေရာအထိ ရခဲ့ပါတယ်။

ဒါဟာ အရင်က ၉၈ နေရာပဲ ရှိခဲ့ရာကနေ တိုးလာခဲ့တာဖြစ်ပေမဲ့ ထက်ဝက်ကျော်ဖို့ လိုအပ်တဲ့ ၂၃၃ နေရာတော့ မရခဲ့ပါဘူး။

အခြေခံဥပဒေအရ ပါတီတွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ညှိနှိုင်းဖို့ ရက် ၃၀ အချိန်ရပါတယ်။ ပါတီငယ်တွေဖြစ်တဲ့ အမတ် ၂၈ နေရာနဲ့ ၃၈ နေရာ အသီးသီးရကြတဲ့ ပြည်သူ့အတွက် ဒီမိုကရက်တစ်ပါတီ (DPP) နဲ့ ဂျပန် အင်နိုဗေးရှင်း ပါတီတို့ဟာ ဘယ်ပါတီကြီးက အစိုးရဖွဲ့နိုင်မလဲဆိုတာကို အဓိက အဆုံးအဖြတ်ပေးသွားဖို့ ရှိနေပါတယ်။

DPP က LDP ဦးဆောင်တဲ့ ညွန့်ပေါင်းမှာ ပါဝင်ဖို့ ငြင်းမထားပေမဲ့ အင်နိုဗေးရှင်းပါတီကတော့ မပူးပေါင်းဘူးလို့ ငြင်းထားပါတယ်။

၂ ပါတီစလုံးရဲ့ စီးပွားရေးမူဝါဒတွေဟာ LDP နဲ့ မတူတဲ့အတွက် အစိုးရဖွဲ့နိုင်ဖို့ အတော်ညှိနှိုင်းရဖို့ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013