DVB Logo
Home
အားကစား
ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ရန် ပရိသတ် တိုက်တွန်း
DVB
·
October 27, 2024
ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ရန် ပရိသတ် တိုက်တွန်း
Donate to DVB

သွင်းဂိုးတွေရနေတဲ့ ဘရိုက်တန်တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။

အသက် ၃၃ နှစ်ရှိဝဲလ်ဘက်ဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်မှာ တဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။

ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်သင့်ပြီး သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ အများစုထင်မှတ် မထားတဲ့ အခြေအနေဖြစ်ကြောင်း ပရိသတ်တယောက်က  တွစ်တာမှာရေးပါတယ်။

တခြားပရိသတ်တွေကလည်း  ဝဲလ်ဘက်ကို ပြန်လည်ရွေးချယ်သင့်ကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။

မန်ယူနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ဟာ အင်္ဂလန်အတွက် ၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရတော့တာ ၆ နှစ်ကြာနေပြီဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013