DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ စမွတ်စခွန်းတွင် ဂိုဒေါင် ၄ လုံးမီးလောင်ပြီး ဘတ် ၁၀ သန်းကျော်ဖိုး ဆုံးရှုံး
DVB
·
October 25, 2024
ထိုင်းနိုင်ငံ စမွတ်စခွန်းတွင် ဂိုဒေါင် ၄ လုံးမီးလောင်ပြီး ဘတ် ၁၀ သန်းကျော်ဖိုး ဆုံးရှုံး
Donate to DVB

ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းမြို့မှာ အောက်တိုဘာ ၂၅  ရက် ဒီမနက် ၆ နာရီဝန်းကျင်က အရာဝတ္ထုသိုလှောင်ထားတဲ့ ဂိုဒေါင် ၄ လုံး မီးလောင်သွားပြီး တန်ဖိုး ဘတ်သန်းပေါင်း ၁၀ သန်းထက်မနည်း ဆုံးရှုံးခဲ့တယ်လို့  CH7  ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

စမွတ်စခွန်းမြို့ ဘန်ပလာရပ်ကွက်ရှိ ဂို‌ဒေါင်မှာ မီးလောင်မှုဖြစ်ပွါးကြောင်း သတင်းရရချင်း မီးသတ်ဌာနကို အကြောင်းကြားပြီး သွား‌‌ရောက်စစ်ဆေးခဲ့တယ်၊ မီးသတ်ကား ၁၀ စီး ရောက်ရှိလာပြီး အချိန် ၂ နာရီကြာ ငြှိမ်းသတ်ခဲ့တယ်၊ ဒါပေမဲ့ မီးအရှိန်ပြင်းပြီး ပေါက်ကွဲမှုတွေပါ ရှိတာကြောင့် ဂိုဒေါင် ၄ လုံး မီးလောင်ပျက်စီးသွားတယ်၊ ဂိုဒေါင်အဆောက်အဦ ပြိုကျလာတယ်လို့ ဘန်ပလာမြူနီစီပါယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွါးရာနေရာရှိ ဝန်ထမ်းတယောက်က အဆိုပါဂိုဒေါင်မှာ ကုမ္ပဏီအသီးသီးက ပစ္စည်းတွေသိုလှောင်ဖို့ လာငှါးထားတာဖြစ်တယ်၊ ဂိုဒေါင်တခုစီရဲ့ ပစ္စည်းပိုင်ရှင်လည်း မတူဘူး၊  မီးစလောင်တဲ့ ဂိုဒေါင်ကတော့ အတွင်းပိုင်း အစွန်ဆုံးဂိုဒေါင်ကဖြစ်ပြီး Hard Ware ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယဂိုဒေါင်မှာတော့ ဂျုံမုန့် ၊ ပလတ်စတိတ်၊ စက္ကူ အစရှိတဲ့ မုန့်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေအားလုံး လောင်ကျွမ်းပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ဘတ် ၁၀ သန်းထက် မနည်း ရှိတယ်လို့ ပိုင်ရှင်က ပြောပါတယ်။

တခြားဂိုဒေါင်မှာလည်း စက္ကူနဲ့ ပလတ်စတစ်တွေ သိုလှောင်ထားပြီး  မီးလောင်ရတဲ့ အဓိက အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ပါတယ်။

Source-CH7 HDNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013