DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယအရှေ့ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း ဒါနာ ဝင်ရောက်
DVB
·
October 25, 2024
အိန္ဒိယအရှေ့ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း ဒါနာ ဝင်ရောက်
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ဒါနာဟာ အောက်တိုဘာ ၂၅ ရက်မှာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်ခဲ့ပြီး လေထန်မှုတွေနဲ့ မိုးကြီးမှုတွေ ကြုံတွေ့နေရပါတယ်။

ဒါနာမုန်တိုင်းဟာ လေတိုက်နှုန်း ၁ နာရီကို ကီလိုမီတာ ၁၀၀-၁၁၀ အထိရှိတာကြောင့် သစ်ပင်တွေ အမြစ်ကနေ လဲကျတာ၊ လျှပ်စစ်ဓာတ်အားလိုင်းပျက်တောက်တာနဲ့ နေရာတချို့ ရေလွှမ်းမိုးမှု တွေဖြစ်ပေါ်နေပါတယ်။

ပြည်တွင်းအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြမှုအရတော့ လက်ရှိအချိန်အထိ မုန်တိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရတာမျိုး မရှိသေးပါဘူး။

မုန်တိုင်းသတိပေးချက်တွေကြောင့် ဩရိဿပြည်နယ်ပြည်နယ်အရှေ့ပိုင်းမှာ ကျောင်းတွေပိတ်ထားပြီး လေကြောင်းလိုင်းတွေလည်း ရပ်နားထားပါတယ်။

အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံ ပြည်သူ ၅ သိန်းကျော်ကို မုန်တိုင်းမလာမီ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားတာတွေ့ရပါတယ်။

ဩရိဿပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ထားပြီးကြောင်း၊ မုန်တိုင်းတိုက်ခတ်တဲ့အချိန် ဘေးလွတ်ရာမှာနေရာကြဖို့နဲ့ အပြင်မထွက်ကြဖို့လိုကြောင်း ဗုဒ္ဓဟူးနေ့ကတည်းက သတိပေးထားပါတယ်။ 

ဩရိဿပြည်နယ်မှာ ခရိုင် ၁၄ ခုရှိပြီး လူဦးရေ ၁ သန်းကျော်ရှိကာ အနောက်ဘန်ဂေါမှာ ကမ်းရိုးတန်းက လူ ၃ သိန်းကျော် အတွက်လည်း ဘေးလွတ်ရာစီစဉ်ပေးခဲ့ရတာတွေ့ရပါတယ်။

မုန်တိုင်းတိုက်ခတ်မှုအတွင်း ပြည်သူတွေကိုကူညီဖို့ ပြည်နယ် ၂ ခုက တရားဝင် သတိပေးချက်တွေ ထုတ်ပြန်ထားသလို ကယ်ဆယ်ရေးအဖွဲ့တွေလည်း အသင့်ပြင်ဆင်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်လိုပဲ မုန်တိုင်းရာသီဖြစ်တဲ့ ဧပြီကနေ ဒီဇင်ဘာလအထိ အင်အားကြီးမုန်တိုင်းတွေ ဝင် ရောက်မှုကို ခံရလေ့ရှိပါတယ်။ 

အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူ ၂၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူ ၁ သိန်းခွဲကျော်လည်း နေရပ်စွန့်ခွါခဲ့ရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ လူဇွန်မှာ မိုးသည်းထန်မှုကြောင့် ရေကြီးမှုတွေ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် အပူပိုင်းမုန်တိုင်း တိုက်ခတ်တဲ့ဒဏ် ခံစားရလေ့ရှိပြီး တစ်နှစ်ကို မုန်တိုင်းဝင်ရောက်မှု ပျမ်းမျှ အကြိမ် ၂၀ ရှိပါတယ်။ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုနဲ့ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013