DVB Logo
Home
မြန်မာသတင်း
တမူးတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ ကသည်းလက်နက်ကိုင် ၁ ဦးကို PDF က ဖမ်းဆီးရမိ
DVB
·
October 25, 2024
တမူးတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ ကသည်းလက်နက်ကိုင် ၁ ဦးကို PDF က ဖမ်းဆီးရမိ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် နန်းမွန်းတားရွာအနီး ပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူး PDF တပ်ရင်း ၄ က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မနက် ၅ နာရီအကျော်မှာ ပန်းသာရွာက စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်က အင်အား ၅၀ ခန့်ပါ စစ်ကြောင်းဟာ နန်းမွန်းတာရွာဘက်ကို စစ်ကြောင်းထိုးစဉ် ဒေသခံကာကွယ်ရေးတပ်ရဲ့ ရှေ့တန်းကာကင်း ပစ်ခတ်ခံရပြီး တမူး PDF ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ပန်းသာရွာက စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင် ၁၀ ယောက်ဟာ နန်းမွန်းတာရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးဖို့ လာရောက်စဉ် နန်းမွန်းတာရွာအဝင် တံတားအနီးမှာ ဒေသကာကွယ်ရေးတပ်ဘက်က ပစ်ခတ်လို့ ကသည်းလက်နက်ကိုင် ၃ ယောက် ကျဆုံးပြီး တယောက်ကို ‌ဒေသခံကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးရမိခဲ့တာပါ။

တမူး PDF တာဝန်ရှိသူတယောက်က “ပန်းသာအနီးရှေ့တန်းကာကင်းမှာ အမတို့ ကာကင်းထားတာ၊ ရဲဘော် ၇ ဦးမှာ ၄ ဦးက ထွက်ပြေးခဲ့တယ်။ နောက် ၃ ဦးကတော့ ကင်းမှာပဲ ပစ်သတ်ခံခဲ့ရတာ။ ကာကင်းကို သူတို့သိမ်းပြီး ဆက်စစ်ကြောင်းထိုးလာတာ။ အဲ့ဒီမှာ ရှေ့ဆုံးက ဆိုင်ကယ် ၅ စီးနဲ့ လာခဲ့တဲ့ ကသည်းလက်နက်ကိုင်တွေကို ကလေးတွေက နန်းမွန်းတား တံတားအဝင်မှာပစ်တာ။ သူတို့ဘက်က ၃ ဦးကျတယ်၊ ၁ ဦးကို ဖမ်းမိထားတယ်။‌ ကျန်တဲ့ ၆ ဦးကတော့ ထွက်ပြေးသွားတယ်” လို့ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကသည်းလက်နက်ကိုင်တယောက်ကိုတော့ ဒဏ်ရာတွေရထားတာကြောင့် ဆေးကုသမှုပေးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့သူတွေကတော့ တမူး PDF တပ်ရင်း ၄ က တပ်စိတ်မှူး သော်ဇင်ထွန်း၊ ရဲဘော်ပိုင်မင်းစံနဲ့ ရဲဘော် အငယ်ကောင်တို့ ဖြစ်ပါတယ်။

လက်ရှိ တမူးမြို့အနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013