DVB Logo
Home
မြန်မာသတင်း
လှည်းကူးတရားရုံးကို ဆန္ဒသွားပြသည့်  မဘသဆရာတော်နှင့် မပုတုအဖွဲ့  နှင်ထုတ်ခံရ
DVB
·
October 24, 2024
လှည်းကူးတရားရုံးကို ဆန္ဒသွားပြသည့်  မဘသဆရာတော်နှင့် မပုတုအဖွဲ့  နှင်ထုတ်ခံရ
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးကို အောက်တိုဘာ ၂၃ ရက်မနက်က ဆန္ဒသွားပြတဲ့ အမျိုးသားရေးဆရာတော်တွေနဲ့ မပုတုတို့အဖွဲ့ကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက နှင်ထုတ်လိုက်တယ်လို့  တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၂ ယောက်ရဲ့ အမှုကို ပလပ်ပေးဖို့ လှည်းကူးမြို့နယ်တရားရုံးရှေမှာ ဆန္ဒပြတောင်းဆိုဖို့ ရဲစခန်းကို စာတင်ခဲ့ပေမဲ့ ခွင်မပြုဘူးလို့ တရားရုံးနဲ့နီးစပ်သူက DVB ကို ပြောပါတယ်။

"တရားစွဲခံရတာကလူ၊ ဆန္ဒလာပြတာက ဘုန်းကြီးတွေ၊  ရဲတွေက လက်မခံဘူး။ ဘယ်လိုညှိလိုက်လဲမသိဘူး ပြန်သွားကြတယ်။ မပြန်လို့လည်း မရဘူး။ မပြန်ရင်ဗျင်းဖို့ စောင့်နေတဲ့သူတွေက အများကြီးပဲ။”

လှည်းကူးမြို့နယ်ရဲစခန်းမှာ အောက်တိုဘာ ၂၂ ရက်က အမျိုးသားရေးဆရာတော်တွေနဲ့ လူပုဂ္ဂိုလ်အင်အား ၅၀၀ နဲ့ ငြိမ်းစုစီတင်ခဲ့ပေမဲ့ ရဲစခန်းက ခွင်မပြုဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက  DVB ကို ပြောပါတယ်။

“ရဲစခန်းက လွှတ်ပေးမယ် ပြည်ထဲရေးဝန်ကြီး လက်မှတ်ယူခဲ့လို့ ပြောလိုက်တာ ဘုန်းကြီးတွေရော၊ မပုတုတို့ရော ပြန်သွားတယ်၊ ဆန္ဒမပြဖြစ်တော့ဘူး။ စစ်တပ်ကလည်း တပ်ထောက်ခံပွဲမဟုတ်တော့ လက်မခံဘူး။” 

ဆန္ဒပြပွဲကို အမျိုးသားရေးဆရာတော်တွေ၊ စစ်တပ်လော်ဘီတွေဖြစ်ကြတဲ့ မပုတု၊ နောင်တော်လေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးက အင်အားအပြည့်နဲ့ လာခဲ့ကြတာလို့ သိရပါတယ်။

လှည်းကူးမြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက အရိယာမဏ္ဍိုင်တောရရိပ်သာရဲ့ ဂုဏ် သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ ၂ ယောက်ကို ရိပ်သာဘက်က တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013