DVB Logo
Home
မြန်မာသတင်း
လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ် တရုတ်အကျဉ်းသား ၄၅ ဦး လွှဲပြောင်း
DVB
·
October 11, 2014
လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ် တရုတ်အကျဉ်းသား ၄၅ ဦး လွှဲပြောင်း
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံအချင်းချင်းချစ်ကြည်ရေး၊ မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုပြီး လားရှိုးအကျဉ်းထောင်မှာ အကျဉ်း ကျခံနေတဲ့ တရုတ်နိုင်ငံသား အကျဉ်းသား ၄၅ ဦးကို နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၁ နဲ့အညီ အောက်တိုဘာ ၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပါတယ်။

[caption id="attachment_67484" align="alignleft" width="484"]chinese prisoner1 copy တရုတ်အကျဉ်းသားများ ပြန်လွှဲအပ်စဉ်[/caption]

အဲ့ဒီလို လွတ်ငြိမ်းသက်သာခွင့်ရလိုက်တဲ့ တရုတ်နိုင်ငံသား အကျဉ်းသားတွေကို လားရှိုးမြို့အကျဉ်းဦးစီးဌာနကနေ ရှမ်းပြည်နယ် မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက လွှဲပြောင်းလက်ခံယူကာ မူဆယ်မြို့ကို ပို့ဆောင်ပါတယ်။

မြန်မာ- တရုတ်နယ်စပ် နန်းတော်ဂိတ်မှာ တရုတ်နိုင်ငံ ရွှေလီနယ်စပ်ကာကွယ်စစ်ဆေးရေးဌာန အကြီးအကဲ Mr He Hiang Xing ကို အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြစ်ဒဏ်မျိုးမျိုးကျခံနေတဲ့ တရုတ်နိုင်ငံသား အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးရာမှာ ဒီတကြိမ်ဟာ အရေအတွက် အများဆုံးဖြစ်ကြောင်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013