DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးသမ္မတ လူလာ လဲကျပြီး ဦးခေါင်းဒဏ်ရာရ၊ ရုရှားခရီးစဉ် ဖျက်သိမ်း
DVB
·
October 22, 2024
ဘရာဇီးသမ္မတ လူလာ လဲကျပြီး ဦးခေါင်းဒဏ်ရာရ၊ ရုရှားခရီးစဉ် ဖျက်သိမ်း
Donate to DVB

ဘရာဇီးသမ္မတ လူလာဟာ ခေါင်းဒဏ်ရာကြောင့် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်က အိမ်မှာ လဲကျမှုက လူလာရဲ့ ခေါင်းနောက်ပိုင်းကို ထိခိုက်မိလို့ ဒဏ်ရာကို ချုပ်ပြီး ကုသခဲ့ရပါတယ်။

လဲကျတဲ့ဒဏ်ရာကြောင့် ဦးနှောက်သွေးထွက်ခြင်း အနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆရာဝန်က ဆိုပါတယ်။

လူလာဟာ ဒဏ်ရာကြောင့် ခေါင်းထိခိုက်ခဲ့ပြီး အချိန်ကြာမြင့်စွာ လေယာဉ်စီးခြင်းကို ရှောင်ကြဉ်ဖို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။ ဒါပေမဲ့ ပုံမှန်လုပ်ငန်းတွေတော့ လုပ်ဆောင်နိုင်တယ်လို့ ဆရာဝန်တွေက အကြံပြုထားတာ ဖြစ်ပါတယ်။

လူလာဟာ ရုရှားကို ညနေ ၅ နာရီမှာ ထွက်ခွာမှာဖြစ်တယ်လို့ သမ္မတရုံးက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပေမဲ့ မတော်တဆမှုကြောင့် အွန်လိုင်းကနေပဲ အစည်းအဝေး တက်ရောက်ဖွယ် ရှိပါတယ်။

BRICS ထိပ်သီးအစည်းအဝေးပွဲကို နိုင်ငံခြားရေးဝန်ကြီးက ဘရာဇီးနိုင်ငံရဲ့ကိုယ်စား တက်ရောက်မှာ ဖြစ်တယ်လို့လည်း ဘရာဇီးအစိုးအဖွဲ့က ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။

BRICS ကို လွန်ခဲ့တဲ့ ၁၅ နှစ်တည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ပါဝင်ကာ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ ယူအေအီးတို့လည်း ပါဝင်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013