DVB Logo
Home
မြန်မာသတင်း
တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
October 21, 2024
တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် ညက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ လုံး ထိမှန်ခဲ့တာကြောင့် စစ်‌ကောင်စီဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့က ပြောပါတယ်။

မနေ့ ည ၈ နာရီ ၂၃ မိနစ်က ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၃ လုံး ပြန်လည်ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။

BWM တပ်ဖွဲ့ တာဝန်ရှိသူက “ပစ်ပြီးပြီးချင်း လက်နက်ကြီးနဲ့ ၃ လုံး ပြန်ပစ်ပါတယ်၊ လက်နက်ငယ်နဲ့ကတော့ အချက်ပေါင်းများစွာ ပြန်ပစ်ပါတယ်။ ရှော့ဒုံးကို ဘယ်နေရာက ပစ်မှန်းမသိတော့ သူတို့ပြန်ပစ်တာတွေက ရမ်းသန်းပြန်ပစ်တာမျိုးတွေ ဖြစ်နေတယ်။ နောက်တော့ စစ်ကား ၅ စီးနဲ့ ရှော့ဒုံးပစ်တယ်လို့ သူတို့ထင်တဲ့ နေရာတကြောကို ပတ်ရှာပါတယ်။ အဖမ်းအဆီးသတင်းတော့ မကြားရသေးပါဘူး” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ BWM အဖွဲ့ရဲ့ ၂၄ ခုမြောက် Mission 24 ဖြစ်ပြီး တောင်ငူလေတပ်ကို တိုက်ခိုက်မှုဟာ ၄ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

တောင်ငူလေတပ်ဟာ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတဲ့ စစ်စခန်းဖြစ်တာကြောင့် BWM အဖွဲ့က လေတပ်နဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီ လေတပ်အတွင်းရှိ မော်တော်ယာဉ်ဂိုဒေါင်နဲ့ လေယာဉ်သိုလှောင်ရုံတို့မှာ ထိမှန်သွားခဲ့သလို Y12 အမျိုးအစားလေယာဉ်နဲ့ ရဟတ်ယာဉ်တစီး ပျက်စီးသွားတယ်လို့ BWM တပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုညမှာပဲ လူနာတင်ယာဉ် ၃ စီး တပ်ထဲဝင်သွားခဲ့ပြီး ဒဏ်ရာရရှိသွားတဲ့ လေတပ်အရာရှိ ၂ ယောက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်၊ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်တို့ကို သယ်ထုတ်သွားတယ်လို့ BWM အဖွဲ့က အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၂၃ ခုမြောက် မစ်ရှင်အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013