DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ကိုပိုင်ဖြိုးမင်းနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
DVB
·
October 20, 2024
ဖမ်းဆီးခံထားရသည့် ကိုပိုင်ဖြိုးမင်းနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
Donate to DVB

ဧည့်စာရင်း အကြောင်းပြ ၀င်ရောက်စစ်ဆေးရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေနဲ့  အဆက်သွယ်ပြတ်တောက်နေတာ ၁၀ ရက်ကျော်လာပြီ ဖြစ်တာကြောင့် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ စိုးရိမ်နေကြတယ်လို့  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက  အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေဟာ အဖမ်းခံရတဲ့နေ့ကစပြီး ဘယ်ပုဒ်မ၊ ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးတဲ့အတွက် အသက်ကို ထိခိုက်စေနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်မှုခံရမှာကို စိုးရိမ်နေရတယ်လို့ မိသားစုတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လူထုသပိတ်တွေကို ဦးဆောင်ပြုလုပ်နေတဲ့ ပိုင်ဖြိုးမင်း (ခ) ဒီရေဟာ အောက်တိုဘာ ၉ ရက်က စစ်ကောင်စီရဲ့ ဧည့်စာရင်းအကြောင်းပြကာ ၀င်ရောက်ရှာဖွေစစ်ဆေးရာမှာ ဖမ်းဆီးခံခဲ့ရတာပါ။

နိုင်ငံတကာအသိုက်အဝန်း၊ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီက ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသား ရဲဘော်တွေကို နှိပ်စက်ညှဉ်းပန်းပြီး အသက်သေဆုံးသည်ထိ မလုပ်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းဖိအားပေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မော်ရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013