DVB Logo
Home
မြန်မာသတင်း
ဟားခါး- ထန်တလန်လမ်းပေါ်၌ တိုက်ပွဲပြင်းထန်
DVB
·
October 18, 2024
ဟားခါး- ထန်တလန်လမ်းပေါ်၌ တိုက်ပွဲပြင်းထန်
Donate to DVB

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်းကြားက လက်လွှတ်လိုက်ရတဲ့စခန်းတွေကို ပြန်ရယူဖို့ အောက်တိုဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေရာမှာ စစ်ကူလာတဲ့ စစ်ကြောင်း ဟားခါး- ထန်တလန်လမ်းပေါ်မှာ  တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲ ပြင်းထန် နေပါတယ်။

စစ်တပ်က လေကြောင်းရော လက်နက်ကြီး ပစ်ကူပါသုံးပြီး ပြန်လည်တိုက်ခိုက်နေတာကြောင့် ဟားခါး - ထန်တလန်ကားလမ်းတိုက်ပွဲဟာ အောက်တို့ဘာ ၁၈ ရက်မနက်ပိုင်း ဆက်သွယ် မေးမြန်းတဲ့အချိန်ထိ ပြင်းထန်နေဆဲလို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“အခု တိုက်ပွဲဆက်ဖြစ်နေတုန်း၊ မနက်က အော်တိုကုန်းကြားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒါကို အခုလုနေရတဲ့အနေအထား။  ထန်တလန်မြို့ထဲမှာလည်း Y2 နဲ့ ပစ္စည်းတွေ ချနေတာရှိတယ်။”

ထန်တလန်မြို့နားက စစ်ရေးအရအရေးပါတဲ့ အော်တိုကုန်းကို ပြန်ရဖို့  နှစ်ဖက်တိုက်ပွဲ ပြင်းထန် နေတာကြောင့် ထိခိုက်ကျဆုံးတာတွေကို အတည်မပြုနိုင်သေးဘူးလို့  CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုပါတယ်။

“အော်တိုကုန်းဆိုတာ ဟားခါးနဲ့ထန်တလန်ကြား၊ ထန်တလန်အထက်၊ အခုမနက် ဟားခါးက  စစ်ကူလာတဲ့ ဟာကို ဟားခါးမြို့အထွက်ကနေ ကျတော်တို့ တိုက်တယ်။ ဟားခါးနဲ့ ထန်တလန်က မိုင် ၂၀ တောင်မဝေးဘူး၊ မနေ့ကတော့ ကျနော်တို့ အထိအခိုက် မရှိဘူး။  သူတို့ ဘက်က အထိအခိုက်တော့ရှိပေမဲ့ အတည်ပြုလို့ မရသေးဘူး။”

ချင်းပြည်နယ် တော်လှန်ရေးတပ်တွေဟာ မြို့နယ် ၉ ခုကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ သုံးပြီး နယ်မြေပြန်ရဖို့ စစ်ဆင်လာတာ ဖြစ်ပါတယ်။

ချင်းစစ်ပွဲကြောင့် ပြည်နယ်ထဲက လူပေါင်း ၂ သိန်းကျော် ထွက်ပြေးနေရပြီး အနည်းဆုံး ၆၀၀၀၀ ကျော်  အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ် 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013