DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်း၌ သန်းခေါင်စာရင်းကောက်အဖွဲ့ ကျွေးမွေးစရိတ် တအိမ် ကျပ် ၃၀,၀၀၀ ကောက်ခံ
DVB
·
October 18, 2024
ဟိုင်းကြီးကျွန်း၌ သန်းခေါင်စာရင်းကောက်အဖွဲ့ ကျွေးမွေးစရိတ် တအိမ် ကျပ် ၃၀,၀၀၀ ကောက်ခံ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ ကျွေးမွေးစရိတ် တအိမ် ကျပ် ၃၀,၀၀၀ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ကျွေးမွေးစရိတ် ဆိုကာ အောက်တိုဘာ ၁၅ ရက်က စတင်ကောက်ယူနေတာဖြစ်ပြီး ၃ ရက်အတွင်း အဖြစ်မနေ ထည့်ပေးရမယ်လို့ ပြောဆိုကောက်ယူနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “တအိမ် ၃၀,၀၀၀ ကောက်တယ်။ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ကျွေးမွေးစရိတ်လို့ ပြောကောက်တာ။ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့တွေကို ဟိုတယ်မှာ ထမင်းကျွေးတာ။ စစ်ကောင်စီက ကျွေးတယ်ထင်တာ၊ ပြည်သူဆီကနေ ငွေတောင်းပြီး ကျွေးတာ။ မထည့်တဲ့သူက နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆန့်ကျင်တာ၊ နိုင်ငံတော်ကို ဆန့်ကျင်တာပဲ” လို့ ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ကျွေးမွေးစရိတ်လို့ ဆိုကာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ထဲက ဇီးချိုင်ရွာ၊ ဖောင်တိုးရွာ၊ ကြာကန်ကျေးရွာ စတဲ့ကျေးရွာတွေမှာ အဓိက ကောက်ယူနေတာဖြစ်ပြီး တရက်လုပ် တရက်စားတွေကို အနည်းဆုံး ကျပ် ၁၀,၀၀၀ မဖြစ်မနေ ထည့်ခိုင်းတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က“စစ်ကောင်စီက သူတို့ကို သန်းခေါင်စာရင်းကောက်ပေးသူတွေကို ဇီးချိုင်ရွာကမ်းနားက ဟိုတယ်မှာ တမင်းကျွေးတာ။ တရက် ကုန်ကျငွေ ၃၅၀,၀၀၀ ကျပ်ကျော် ကုန်ကျခံ  ကျွေးတာ။ အခုတော့ အရပ်သားတွေဆီက ငွေကောက်နေတယ်။ မထည့်ရင် ဖမ်းဆီးတဲ့အထိပါ လုပ်ဖို့ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီတတိုင်းလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူခဲ့ပြီး လက်ရှိမှာ သန်းခေါင်စာရင်း အကောက်မခံရသေးတဲ့ ဒေသတွေ ရှိတာကြောင့်ဆိုကာ အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံစာရင်းကောက်ယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရက်တိုးပြီး သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်နေတာကြောင့် အရပ်သား ဒေသခံတွေ အနေနဲ့ ငွေကြေးထပ်မံကောက်ခံတာတွေလုပ်မှာ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013