
အင်ဒိုနီးရှားနိုင်ငံတဝန်းက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၃ သန်းအတွက် အစားအစာတွေ ထောက်ပံ့ပေးဖို့ ဒေါ်လာ ၂၈ သန်း အကုန်အကျခံ ကြိုးပမ်းတဲ့ သမ္မတသစ် ပရာဘိုဝို ဆူဘီယံတိုရဲ့ မဲဆွယ်ကတိကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး အနောက်ဂျာဗား ပြည်နယ်မှာ ကျောင်းသားတွေ ထောင်သောင်းချီကို နေ့လယ်စာ ကျွေးနေပါတယ်။
နေ့စဉ် စာသင်ကျောင်း ၂၀ မှာ ကျောင်းသား ၃,၃၀၀ အတွက် ထမင်းနဲ့အတူ ကြက်ဥပြုတ်၊ ဟင်းရွက်ကြော်၊ နို့တဘူးနဲ့ ဖရဲသီးတစိတ်ပါတဲ့ နေ့လယ်စာကျွေးဖို့ လူအယောက် ၅၀ လောက်က ချက်ပြုတ်ပေးပို့ ဆေးကြောနေကြပြီး ဒါဟာ ဆူခါ့ဘူမိမြို့က မီးဖိုဆောင် တဆောင်ရဲ့ တာဝန်လည်း ဖြစ်ပါတယ်။
သမ္မတသစ်ရဲ့ ကျောင်းတွေမှာ နေ့လယ်စာကျွေးရေး ဒေါ်လာ ၂၈ ဘီလီယံပေးတဲ့ အစီအစဉ်ဟာ ဝေဖန်ချက်တွေ ဖုံးလွှမ်းနေတာပါ။
အင်ဒိုနီးရှားရဲ့ မကြာသေးမီက ရထားတဲ့ ဘဏ္ဍာရေးသတိထားမှုနဲ့ ခက်ခက်ခဲခဲရထားတဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာကို စိုးရိမ်နေကြပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားမှာ ကလေးပေါင်း ၈၂ သန်းကို ဝန်ဆောင်မှုပေးဖို့ စိန်ခေါ်မှုတွေကို သံသယရှိသူတွေက ထောက်ပြထားပါတယ်။
အင်ဒိုနီးရှားရဲ့ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေနဲ့ မတူညီတဲ့ ပထဝီဝင် အနေအထားတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးဖိုချောင်တွေကို ဖြန့်ကျက် တာဝန်ချရတာ စိန်ခေါ်မှုဖြစ်စေနိုင်တယ်လို့ ဂျကာတာအခြေစိုက် စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုက ခွဲခြမ်းစိတ်ဖြာသူ အစ်ဇူဒင် အယ်လ် ဖာရက်စ် အဒ်ဟာက ပြောပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်တွေအတွက် ပိုကောင်းတဲ့ အစားအစာဟာ ကြီးထွားမှု နှောင့်နှေးခြင်းကို ဖြေရှင်းဖို့ နောက်ကျလွန်းနေတယ်၊ မိခင်တွေအတွက် ပိုကောင်းတဲ့ တကိုယ်ရေသန့်ရှင်းမှုနဲ့ ပိုကောင်းတဲ့အာဟာရ ရစေဖို့ ရှုပ်ထွေးတဲ့ကုထုံးတွေ လိုတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဝေဖန်ချက်တွေ ရှိနေပေမဲ့ ဒီအစီအစဉ်ဟာ ဝင်ငွေနည်းမိဘတွေက သူတို့ကလေးတွေကို အလုပ်ခွင်ဆီ စောစောပို့မယ့်အစား ကျောင်းပို ကြာကြာထားဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။
လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ဆီကနေ အောက်တိုဘာ ၂၀ ရက်မှာ ရာထူးလွှဲယူမယ့် ပရာဘိုဝိုက အသက် ၅ နှစ်အောက် ကလေး ၂၁ ဒသမ ၅ ရာခိုင်နှုန်းကို ထိခိုက်စေတဲ့ ကြီးထွားမှု နှောင့်နှေးခြင်းကို တိုက်ဖျက်ဖို့ ဒီအစီအစဉ်က မရှိမဖြစ်လိုအပ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းကြပ်မှု ကန့်သတ်ချက်တွေထဲကနေ ပေးနိုင်တယ်လို့ ပြောထားပါတယ်။
ဘတ်ဂျက်ဆိုင်ရာ စိုးရိမ်မှုတွေကို လျော့ပါးစေဖို့ ပရာဘိုဝိုဟာ နှစ်စဉ် ဘဏ္ဍာရေးလိုငွေပြမှု GDP ရဲ့ ၃ ရာခိုင်နှုန်းအောက်မှာ ရှိနေစေဖို့ ပထမနှစ် အသုံးစရိတ်ကို ၇၁ ထရီလီယံ ရူပီယာ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ) ကန့်သတ်ထားပါတယ်။
Source-Reuters











