DVB Logo
Home
Lead Story
ထားဝယ်စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ဆက်အကောင်အထည်ဖော်မည်
DVB
·
October 10, 2014
ထားဝယ်စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ဆက်အကောင်အထည်ဖော်မည်
Donate to DVB

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာနဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံကြပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဆက်အကောင်အထည် ဖော်သွားဖို့ သဘောတူခဲ့ကြပါတယ်။

dawei-sezအိန္ဒိယ၊ မြန်မာနဲ့ ထိုင်း ဆက်သွယ်ရေးလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုင်းမြို့ ၃ မြို့နဲ့ မြန်မာမြို့ ၃ မြို့အကြား ညီအမမြို့တွေအဖြစ် ထူထောင်ရေးကိစ္စတွေ ဆွေးနွေး သဘောတူခဲ့ကြတယ် လို့ မြန်မာ့သတင်းစဉ်ထုတ်ပြန်ချက်အရ သိရပါတယ်။

ညီအစ်မမြို့တွေအဖြစ် တည်ထောင် မယ့်မြို့တွေ ကတော့ မြန် မာ ကော့သောင်းနဲ့ထိုင်းနိုင်ငံ ရနောင်းမြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာ ကျိုင်းတုံမြို့၊ ထိုင်းနိုင်ငံ ပရာကျွတ်ကီရီခံနဲ့ မြန်မာဘက်က မြိတ်မြို့တွေ ဖြစ်ကြပါတယ်။

ခုလို ညီအစ်မမြို့တွေအဖြစ် သတ်မှတ်လိုက်ခြင်းက နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့်စေနိုင်လိမ့်မယ်လို့ မြန်မာ့သတင်းစဉ်က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013