
ဂျပန်နိုင်ငံက မာရူဘီနီကော်ပိုရေးရှင်းဟာ ထိုင်းနိုင်ငံက GPSC, မြန်မာနိုင်ငံက ဧရာဟင်္သာ ကုမ္ပဏီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆန်းစစ်လေ့လာမယ်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးရဲမင်းအောင်က ပြောပါတယ်။
[caption id="attachment_67390" align="aligncenter" width="454"]
ကျောက်မီးသွေးစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်က ဒေသခံများ ဆန္ဒပြခဲ့ကြစဉ်[/caption]
ဒီကုမ္ပဏီတွေဟာ ၉ လတာ အချိန်ယူပြီး လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ ဆန်းစစ်ချက်၊ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက် (EIA/SIA) တွေ ဆောင်ရွက်ဖို့အတွက် အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာနားလည်မှုစာလွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
တကယ်လို့ ဒီလုပ်ငန်းအတွက် FS/EIA/SIA အောင်မြင် ပြီးမြောက်တယ်ဆိုရင် လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ထွက်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ အကုန်အကျခံပြီး ဆောင်ရွက်မယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။











