DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ထိုင်းသို့ သွားမည့် လူငယ် ၁၄၀ ကျော်ကို  ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင် 
DVB
·
October 16, 2024
မြိတ်မြို့တွင် ထိုင်းသို့ သွားမည့် လူငယ် ၁၄၀ ကျော်ကို  ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင် 
Donate to DVB

မြန်မာနိုင်ငံအနှံ့ကနေ ပွဲစားအဆက်အသွယ်နဲ့  ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့် လူငယ် အယောက် ၁၄၀ ကျော်ဟာ တနင်္သာရီတိုင်း မြိတ်မြို့အဝင်မှာ နယ်မြေခံစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့က ပြောပါတယ်။

ရခိုင်၊ မွန်ပြည်နယ်နဲ့ တခြားဒေသကလူတွေ ပါဝင်တဲ့ လူပေါင်း ၂၀၀ လောက်ဟာ ထိုင်းကို အလုပ်သွားလုပ်ဖို့ အောက်တိုဘာ ၁၅ ရက်က ကား ၅ စီးနဲ့ ရောက်လာကြပြီး မြိတ်မြို့အဝင်ရောက်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အားလုံးကို စစ်ဆေးပြီး အသက်ကြီးတဲ့ သူနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးကာ လူငယ်လူရွယ်တွေကိုတော့ စစ်တပ်ထဲ ခေါ်သွားတယ်လို့   MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။ 

“သူတို့က ကော့သောင်း-ရနောင်းဘက်ကနေ ထိုင်းထဲဝင်ပြီး အလုပ်သွားလုပ်ဖို့ ပွဲစား အဆက်အသွယ်နဲ့ လာကြတယ်။  မြိတ်အဝင်မှာ စစ်တပ်နဲ့ တိုးပြီး အားလုံးကို ကားပေါ်က ဆင်းခိုင်းတယ်။ ပြီးတော့ ဝမ်းလျားမှောက်ခိုင်းတယ်။ ဘယ်ကလဲ ဘယ်သွားမှာလဲ ဘာသွားလုပ်မလဲ ဆိုပြီး စစ်တယ်။ လူငယ် လူရွယ် လူလတ်တွေကို ခေါ်ထားတယ်၊ အသက်ကြီးသူနဲ့ အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ ပြောပါတယ်”လို့   ပြန်လွတ်လာတဲ့သူတွေရဲ့ စကားကို ကိုးကားပြီး ကိုရဲမင်းက ပြောပါတယ်။ 

စစ်တပ်က ခေါ်သွားသူ ၁၄၀ ကျော်ရှိပြီး စစ်မှုထမ်းဖို့ခေါ် သွားတာ ဖြစ်နိုင်ကြောင်းနဲ့  စစ်မှုထမ်း ဥပ‌ဒေကို ကြောက်လို့ တိမ်းရှောင်လာကာမှ အခုလို ပြန်အဖမ်းခံရတာ အတော်ဆိုးတယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

ထိုင်းနိုင်ငံထဲမှာလည်း မြန်မာပြည်က လူတွေ အမြောက်အမြားဝင်လာလို့ အလုပ်အကိုင် ရဖို့ မလွယ်ကူသလို တရားမဝင် ဝင်လာရင် စစ်ဆေးဖမ်းဆီးခံရလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013