DVB Logo
Home
နိုင်ငံတကာ
ကနေဒါနှင့် အိန္ဒိယက သံတမန်များကို အပြန်အလှန် နှင်ထုတ်
DVB
·
October 15, 2024
ကနေဒါနှင့် အိန္ဒိယက သံတမန်များကို အပြန်အလှန် နှင်ထုတ်
Donate to DVB

ကနေဒါအစိုးရဟာ အောက်တိုဘာ ၁၄ ရက်က အိန္ဒိယ မဟာမင်းကြီး အပါအဝင် သံတမန် ၆ ယောက်ကို နှင်ထုတ်ခဲ့ပြီး သူတို့တွေဟာ ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင် အသတ်ခံရမှုနဲ့ ဆက်နွှယ်နေကြောင်းနဲ့ ကနေဒါရှိ အိန္ဒိယအတိုက်အခံတွေကို ပစ်မှတ်ထားတဲ့ ပိုပြီးကျယ်ပြန့်တဲ့ လုပ်ဆောင်မှုလို့လည်း စွပ်စွဲခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒိုးဟာ ပြီးခဲ့တဲ့နှစ်က ကနေဒါပိုင်နက် နယ်မြေထဲမှာ ဆစ်ခ်ခေါင်းဆောင် ဟာဒိ(ပ်) ဆင်းန် နီဂျာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအေးဂျင့်တွေနဲ့ ဆက်နွှယ်နေတဲ့ အထောက်အထားတွေရှိတယ်လို့ ပြောကြားခဲ့ပြီး နောက်ပိုင်း ဆက်ဆံရေးတွေ ပြတ်တောက်ခဲ့ပါတယ်။

အိန္ဒိယက ထရူးဒိုးရဲ့ စွပ်စွဲချက်တွေကို တောက်လျှောက် ငြင်းဆိုထားတာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရဟာ လူသတ်မှုနဲ့ ငွေညှစ်မှု အပါအဝင် အိန္ဒိယ အတိုက်အခံတွေကို ဆန့်ကျင်တဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြောင်း တော်ဝင် ကနေဒါရဲတပ်ဖွဲ့က တနင်္လာနေ့ အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကနေဒါရှိ တောင်အာရှအသိုက်အဝန်းကို ပစ်မှတ်ထားပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်စွက်ဖက်ဖို့အတွက် ရာဇဝတ်ဂိုဏ်းတွေကိုလည်း အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ကနေဒါ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေဟာ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူတို့ကို မေးမြန်းစစ်ဆေးနိုင်ဖို့ အိန္ဒိယသံတမန် ၆ ယောက်ရဲ့ သံတမန်ရေးရာ ကင်းလွတ်ခွင့် ဖယ်ရှားရေးကို ကနေဒါအစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုထားကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လနီ ဂျိုလီက ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် သံတမန်တွေကို နှင်ထုတ်ခဲ့ရပါတယ်။

တနင်္လာနေ့မှာ အိန္ဒိယဟာ ကနေဒါရဲ့ စုံစမ်းစစ်ဆေးရေး လှုပ်ရှားမှုကို ပယ်ချခဲ့ပြီး ထရူးဒိုး ဟာ နိုင်ငံရေးအစီအစဉ်တကျ ပြဿနာရှာနေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။

အဲဒီနေ့ အစောပိုင်းမှာပဲ အိန္ဒိယဟာ ယာယီကော်မရှင်နာ အပါအဝင် အဆင့်မြင့် ကနေဒါ သံတမန် ၆ ယောက်ကို နှင်ထုတ်တဲ့အမိန့်နဲ့ လက်တုံ့ပြန်ခဲ့ပြီး ကနေဒါနိုင်ငံကနေ သူ့ရဲ့ အထူးသံတမန်ကို တာဝန်ကနေ ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ကနေဒါရဲ့ ပြည်နှင်ဒဏ် ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက်ပဲလို့ ပြောပါတယ်။

အိန္ဒိယဟာ ကနေဒါသံတမန် ၆ ယောက်ကို အောက်တိုဘာ ၁၉ ရက် စနေနေ့ မတိုင်ခင် ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်မယ်လို့ မယုံကြည်တာကြောင့် သံတမန်တွေကို နှင်ထုတ်ရခြင်းဖြစ်ကြောင်း အိန္ဒိယက ပြောကြားပါတယ်။

လက်ရှိ တောင်အာရှနိုင်ငံမှ ကနေဒါရဲ့ ထိပ်တန်းသံတမန်တယောက်ဖြစ်တဲ့ အိန္ဒိယ ခေတ္တမဟာမင်းကြီး စတူးဝပ် ဝှီးလာကို ဆင့်ခေါ်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောပါတယ်။

သံတမန်ရေး အငြင်းပွားမှုကြောင့် ဓနသဟာယနှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာတာလည်း ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013