DVB Logo
Home
နိုင်ငံတကာ
စတားလင့်ခ်စခန်း မီးလောင်မှုက ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု ပိုလန်ဝန်ကြီးပြော 
DVB
·
September 25, 2026
Photo: PLÉIADES NEO © AIRBUS DS 2026
Photo: PLÉIADES NEO © AIRBUS DS 2026
Donate to DVB

ပိုလန်နိုင်ငံအလယ်ပိုင်း မာဇိုဗီယက်ဒေသ ဗိုလာခရိုဘော့ဖ်စကားရွာမှာရှိတဲ့ မြေပြင်အခြေစိုက် စတားလင့်ခ် အင်တာနက်စခန်းမှာ စက်တင်ဘာ ၂၃ ရက် ညနေက မီးလောင်ခဲ့တာဟာ ယူကရိန်းစစ်တပ်အတွက်  အပါအဝင် အင်တာနက်လိုင်းတွေ ပြတ်တောက်အောင် တမင်လုပ်တဲ့ ဖျက်ဆီးရေးလုပ်ရပ် ဖြစ်တယ်လို့ ပိုလန်အစိုးရဝန်ကြီးတယောက်က ပြောပါတယ်။

ပိုလန်ဒုတိယဝန်ကြီးချုပ် ကရှီရှ်တော့ဖ်ဂါဗ်ကော့ဖ်စကီးက “မီးက ဓာတ်အားပေးစခန်းရော မီးစက်ပါ လောင်သွားတာ။ စခန်းကို ပျက်အောင်၊ အင်တာနက်လိုင်း ပြတ်သွားအောင်နဲ့ ယူကရိန်းစစ်တပ် အပါအဝင် အဖွဲ့အစည်းပေါင်းစုံရဲ့ အင်တာနက်သုံးစွဲမှုကို နှောင့်ယှက်ဖို့ တမင်ဖျက်ဆီးခဲ့တာ သေချာပါတယ်” လို့ ပြောပါတယ်။

ဘယ်သူလုပ်တာလဲဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ရုရှားရဲ့ တိုက်ခိုက်မှု မူဝါဒအသစ်နဲ့ ကိုက်ညီနေတဲ့ လက္ခဏာတွေ အများကြီးပဲလို့လည်း ဆိုပါတယ်။

ပိုလန်နိုင်ငံ အလယ်ပိုင်းရှိ အဲဒီစခန်းဟာ အခုတော့ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပါပြီ။ ယူကရိန်းဘက်ကတော့ မီးလောင်မှုကြောင့် သူတို့ဘက်မှာ ထိခိုက်ပြတ်တောက်မှု ရှိ၊ မရှိ ကိုတော့  ဘာမှ မပြောသေးပါဘူး။

၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း ယူကရိန်းကို ရုရှား ကျူးကျော်ပြီးကတည်းက ပိုလန်ဟာ အဖျက်အမှောင့် လုပ်ရပ်တွေအတွက် သတိအပြည့်ထားနေတာပါ။ ရုရှားကတော့ ဒါတွေမှာ ပါဝင်တာမရှိဘူးလို့ ခဏခဏ ငြင်းဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှား စတင်ကျူးကျော်တုန်းက ကိယက်ဗ်ဘက်က အကူအညီတောင်းလို့ အီလွန်မတ်စ်ခ်က ယူကရိန်းမှာ စတားလင့်ခ် လိုင်းဖွင့်ပေးခဲ့တာပါ။ ယူကရိန်းရဲ့ စတားလင့်ခ် လစဉ်ကြေးကို ပိုလန်က စိုက်ပေးထားတာ ဖြစ်ပါတယ်။

စစ်ပွဲအမြင်တွေကြောင့် နောက်ပိုင်း အီလွန်မတ်စ်ခ်နဲ့ ယူကရိန်းအရာရှိတွေ စကားများခဲ့ကြပေမဲ့ ယူကရိန်းစစ်တပ်ဟာ ရှေ့တန်းဆက်သွယ်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးတွေအတွက် သောင်းနဲ့ချီတဲ့ စတားလင့်ခ်စက်တွေကို အားကိုးနေရတုန်းပါ။

ဒါ့အပြင် ဒီနှစ်ထဲမှာ ယူကရိန်းမှာ ရုရှားတပ်တွေ တရားမဝင် သုံးနေတဲ့ စတားလင့်ခ်စက် သောင်းနဲ့ချီကို ပိတ်ပစ်ဖို့ မတ်စ်ခ်က သဘောတူခဲ့လို့ ရုရှားတပ်တွေ အခက်တွေ့ခဲ့ရပါတယ်။

အခုဆိုရင် ယူကရိန်းဟာ ဒီစက်တွေကို ရုရှားနယ်မြေထဲအထိ တိုက်ခိုက်ဖို့ပါ သုံးနိုင်အောင် ကြိုးစားနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013