DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်က ရွာ ၂  ရွာကို စစ်တပ် ဗုံးကြဲ၊ အရပ်သားအချို့ သေဆုံး ဒဏ်ရာရ
DVB
·
October 15, 2024
ဂန့်ဂေါမြို့နယ်က ရွာ ၂  ရွာကို စစ်တပ် ဗုံးကြဲ၊ အရပ်သားအချို့ သေဆုံး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ရွာနဲ့ ဘော်ပြင်းရွာကို အောက်တိုဘာ ၁၄ ရက်  မွန်းလွဲ ၂ နာရီ ကျော်မှာ စစ်တပ်က  လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ ပစ်ခတ်မှုမှာ Rocket အပါအဝင် ပေါင် ၅၀၀ ဗုံးကြဲချသလို စက်လက်နဲ့ပါ ပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတယောက်က “ဘော်ပြားရွာကို နေ့ခင်း ၃ နာရီက လာပစ်တာ။ ဗုံးကြဲတဲ့ နေရာက ရွာအဝင်လမ်းဟောင်းက ကူးတို့ကုန်းအတက်က ချောက်ထဲကို ကြဲခဲ့တာ။ ငါးဖမ်းနေတဲ့ အသက် ၁၉ နှစ်နဲ့ ၂၀ နှစ်ရွယ် ကောင်လေး ၂ ဦး နေရာတင် သေဆုံးတယ်။ အသက် ၃၀ အရွယ် အမျိုးသား  တဦး၊ အသက်၂၀ အရွယ်အမျိုးသမီး တဦး ဒဏ်ရာရခဲ့တယ်။ နောက်ပြီး အိမ် ၄ လုံး ပျက်စီးပြီး ဝက်တ ကောင်လည်း သေဆုံးတယ်”လို့ ပြောပါတယ်။

ဘော်ပြားရွာဟာ အိမ်ခြေ ၃၀ ၀န်းကျင်ရှိတဲ့ ကျေးရွာဖြစ်ပြီး အခုလို ပစ်ခတ်တာဟာ စစ်ကောင်စီ သတင်းပေးက သတင်းအမှားပေးပြီး ပြည်သူတွေကို သတ်ဖြတ်တာဖြစ်တယ်လို့လည်း အဆိုပါ ကျေးရွာသားများက ပြောပါတယ်။

အလားတူ ဂန့်ဂေါမြို့နယ်၊ လာပို့ရွာကို စစ်တပ်က အောက်တိုဘာ ၁၄ ရက် နေ့ခင်း ၂ နာရီ ကျော်က ဗုံး ၂လုံး ကြဲချတာတွေ ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။

ဒေသခံရွာသား တယောက်က “ရွာရဲ့ မြောက်ပိုင်းဈေးဆိုင်ကို ဗုံး ၂ လုံးကြဲသွားတာ။ အမျိုးသား တယောက်၊ အမျိုးသမီး တယောက်နဲ့ ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိတာက လွဲလို့ ကြီးကြီးမားမား ထိခိုက်တာ မရှိခဲ့ဘူး”လို့ ပြောပါတယ်။

လာပို့ရွာဟာ အိမ်ခြေ ၈၀၀ ခန့်ရှိတဲ့ ကျေးရွာ တရွာဖြစ်သလို ဂန့်ဂေါမြို့နဲ့ ၅ မိုင်ခန့်သာ ကွာဝေးတဲ့ ရွာဖြစ်တယ်လို့လည်း သိရပါတယ်။

“စစ်ကောင်စီသတင်းပေးတွေက သတင်းပေးလို့ အခုလို လေယာဉ်နဲ့ လာပစ်တာလို့ပဲ ပြောရမယ်။ သူတို့ပစ်တဲ့ နေရာက ကျနော်တို့ ကာကွယ်ရေးတပ်တွေရှိတဲ့ နေရာ တနေရာမှ မဟုတ်ဘူး။ ကျနော်တို့ဘက်က စစ်ကောင်စီသတင်းပေးကို တိကျအောင် လျှိုဝှက်စုံစမ်း နေတယ်။ မိရင်တော့ ကိုယ်တာဝန် ကိုယ်ယူရလိမ့်မယ်”လို့ ဂန့်ဂေါမြို့နယ် Localရဲ ဘော် တဦးက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရေရှင်မရွာအနီး စခန်းသာ နေရာကို စစ်တပ်က အောက်တိုဘာ ၅ ရက်  နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်က လေကြောင်းကနေ ပစ်ခတ်သွားတာကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013